WLC ရဲ့ပထမဆုံး ပြည်ပပြိုင်ပွဲတွင် အနိုင်ရရှိသူက ရှုံးနိမ့်သူ၏ထိုးသတ်ကြေးကိုပါရရှိမည်

WLC ရဲ့ပထမဆုံး ပြည်ပပြိုင်ပွဲတွင် အနိုင်ရရှိသူက ရှုံးနိမ့်သူ၏ထိုးသတ်ကြေးကိုပါရရှိမည်

ဖေဖော်ဝါရီ  ၁၀ ။                   ။ ကမ္ဘာဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် WLC 12 : Khmer Kingdom ပြိုင်ပွဲတွင် အနိုင်ရရှိသူက  ရှုံးနိမ့်သူ၏  ထိုးသတ်ကြေးကိုပါ ရရှိသွားမည့် ကြေးစားဆန်ဆန် ပွဲစဉ်တစ်ပွဲ ကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိလက်ဝှေ့ပြိုင်ပွဲများတွင် လက်ဝှေ့သမားများအတွက် ထိုးသတ်ကြေးများကို ပြိုင်ပွဲကျင်းပပြုလုပ်သူက ကြိုတင်စာချုပ်ချုပ်ဆိုထားပြီး ပွဲပြီးဆုံးချိန်တွင် ရှုံးရှုံးနိုင်နိုင် သတ်မှတ်ထားသည့် ထိုးကြေး များကို ရရှိသည်။

ယခုတစ်ခေါက်ပြိုင်ပွဲ၏ ပွဲစဉ်တွင်မှု ပါဝင်ထိုးသတ်ကြမည့် ကမ္ဘာဒီယားနိုင်ငံသား ထိပ်တန်းဖိုက်တာ နှစ်ဦးက ၎င်းတို့၏ ထိုးသတ်ကြေးများကို လောင်းကြေးအဖြစ် စာချုပ်ချုပ် ဆိုထားကြောင်း သိရ သည်။

World lethwei championship ရဲ့ ဥက္ကဌဖြစ်သူ ဦးဇေသီဟ  က" ဒီထူးထူးခြားခြားထည့်ထားတဲ့ ပွဲစဉ်ရဲ့ခေါင်းစဉ်က winner takes all လို့အမည်ပေးထားပါတယ်။ ရှုံးနိမ့်သူကတစ်ပြားမှမရဘဲ အိမ်ပြန်ရမှာပါ။ ဒီပွဲက၂ယောက်လုံးက ရုန်းကန်ရမယ့်ပွဲပါ။ ပွဲကြမ်းကြီးဖြစ်မှာပါ " ဟုပြောသည်။

အဆိုပါ WLC 12 : khmer kinddom ပြိုင်ပွဲကိုလာမည့် ဧပြီလ ၃ ရက်တွင် ကမ္ဘာဒီယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုပြိုင်ပွဲသည့် WLC၏ပထမဦးဆုံး  ပြည်ပတွင် သွားရောက်ကျင်းပခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly