ထိုင်းစစ်သားပစ်ခတ်မှု သေဆုံးသူများအတွက် ဆုတောင်းပွဲအခမ်းအနား ပြုလုပ်

ထိုင်းစစ်သားပစ်ခတ်မှု သေဆုံးသူများအတွက် ဆုတောင်းပွဲအခမ်းအနား ပြုလုပ်

ဖေဖော်ဝါရီ ၁၀  ။                        ။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က စစ်သားတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲအခမ်းအနားတစ်ခုကို ဖေဖော်ဝါရီ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နက်ခွန် ရက်ချာဆီမာမြို့မှာ ပြုလုပ်တဲ့ အဆိုပါ ဆုတောင်းပွဲအခမ်းအနားမှာတော့ ပြည်သူထောင်နဲ့ချီတို့ဟာ ဖယောင်းတိုင်လေးတွေ ကိုင်ဆောင်ရင်း ဝမ်းနည်းကြေကွဲစွာနဲ့ပဲ စုဝေးတက်ရောက်ခဲ့ကြပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ဂျကရာပန်သ် သွန်မာ အမည်ရ ထိုင်းစစ်သားရဲ့ စိတ်ရူးပေါက်ပြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၂၉ ဦး အတွက် ရည်ရွယ်ကျင်းပတဲ့ ညနေခင်း ဆုတောင်းပွဲကိုတော့ ထိုင်းသံဃာတော်တွေက ဦးဆောင်ကျင်းပပေးခဲ့ပါတယ်။

လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော်ကို ဒဏ်ရာရစေခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်သူ သေနတ်သမားကိုတော့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာပဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေပစ်သတ်ခဲ့ရပါတယ်။

ပိုက်ဆံ အကြွေးကိစ္စ အငြင်းပွားမှုတစ်ခုကြောင့် သေနတ်သမားဟာ ဒီပစ်ခတ်မှုကို ကျူးလွန်သွားခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ပြန်သွားပါတယ်။

ဒီလို ပစ်ခတ်မှု ဖြစ်စဉ်မျိုးဟာ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ဖြစ်စဉ်မျိုးဖြစ်ကြောင်း၊ ဒီလို ဖြစ်စဉ်မျိုး နောက်ထပ် ထပ်မဖြစ်ဖို့သာ မျှော်လင့်ပါကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly