တစ်လကို ဝင်ငွေ (၄)သိန်း ရတဲ့အလုပ်ကို စွန့်လွှတ်ပြီး မသန်စွမ်းအား ကစားသမား ဘဝကို ရွေးချယ်ခဲ့သူ

09 February 2020
တစ်လကို ဝင်ငွေ (၄)သိန်း ရတဲ့အလုပ်ကို စွန့်လွှတ်ပြီး မသန်စွမ်းအား ကစားသမား ဘဝကို ရွေးချယ်ခဲ့သူ

အသက် ၃၄ နှစ်အရွယ် ကိုမျိုးမင်းဦးဟာ မွေးရာပါ အမြင်အာရုံချိုတဲ့တဲ့ မျက်မမြင်တစ်ဦးပါ။ မတ်လအတွင်း ကျင်းပမယ့် (၁၀)ကြိမ်မြောက် Asean Paragame မသန်စွမ်း အားကစားပြိုင်ပွဲမှာ မျက်မြင် အားကစားတစ်မျိုးဖြစ်တဲ့ Goalball ကစားနည်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ကို နေ့မအား ညမနား လေ့ကျင့်နေပါတယ်။ ဒီလို မသန်စွမ်းအားကစား သမားတစ်ယောက် မဖြစ်ခင်မှာ ဂျပန်ရိုးရာ အကြောပြင် အနှိပ်သည်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီးတော့ တစ်လကို ဝင်ငွေ အနည်းဆုံး (၃)သိန်းကနေ အများဆုံး(၄)သိန်းအထိ ရရှိခဲ့ပေမယ့် သူဝါသနာပါတဲ့ အားကစားသမားတစ်ယောက်ဖြစ်ဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။

ရိုက်ကူးတည်းဖြတ် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly