မန္တလေးက ပြန်သွားတဲ့တရုတ်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု လေဆိပ်စစ်ဆေးချိန် အဖျားမရှိရင် လွတ်သွားနိုင်ဟုဆို

မန္တလေးက ပြန်သွားတဲ့တရုတ်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု လေဆိပ်စစ်ဆေးချိန် အဖျားမရှိရင် လွတ်သွားနိုင်ဟုဆို

ဖေဖော်ဝါရီ ၉ ရက်။               ။ ဝူဟန်မြို့ မှ မန္တလေးတိုင်းသို့  ၅ရက်တာ လာရောက်လည်ပတ်ပြီး မိမိနေရပ် ကူမင်းမြို့ သို့ ပြန်သွားသော တရုတ်နိုင်ငံသား  အဆုတ်ရောင်ရောဂါ ( ကိုရိုနာဗိုင်းရပ်စ် )  ဖြစ်ပွားနေတာ တွေ့ရှိရသဖြင့် ကူမင်းဆေးရုံမှာ ဆေးကုသခံယူနေကြောင်းသိရသည်။

အသက် ( ၇၁) နှစ်အရွယ်ရှိ ဝူဟန်မြို့သားသည်   အဖွဲ့ နဲ့ အတူမန္တလေးမြို့သို့  ဇန်နဝါရီ ၂၀ ရက်နေ့က အပျော်ခရီး လာရောက်လည်ပတ်ပြီးနောက် ဇန်နဝါရီ ၂၅ ရက်နေ့မှာ မိမိနေရပ်သို့ မန္တလေး မြို့ က နေ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေး သတင်းစာ (မြန်မာ) ကဖော်ပြခဲ့သည်။အဆိုပါအမျိုးသားအား ကူမင်းလေဆိပ်တွင် ကျန်းမာရေး စစ်ဆေး ပြီးနောက် ကူမင်းမြို့ ၌ ပင် သီးသန့်ခွဲထားကာ ဆေးကုသ ပေးထားကြောင်းသိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန  ၊ မန္တလေးတိုင်းဒေသကြီး  ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန်းသန်းမြင့် အားမေးမြန်းရာမှာတော့  လေကြောင်းလိုင်း နှင့် ကားလမ်းအဝင်အထွက်ဂိတ်များတွင် အပူချိန်တိုင်းတာမှုများနှင့် ဆောင်ရွက်နေသော်လည်း  အဖျားမရှိရင်တော့ လွတ်သွားနိုင်တယ်ကြောင်းပြောသည်။

“   ပြင်ဆင်ထားတာက အစကတည်းက ရှိပြီးသား ၊ တရုတ်တွေက ဝင်လိုက် ထွက်လိုက်သွားလာနေကြတာ။  စောင့်ကြည့်ကာလကျော်ရင် သူရောဂါလက္ခဏာ မပြရင်တော့ ဘာမှ မသိဘူး။ ဒီနိုင်ငံက ကူးတယ်လို့ ပြောချင်မှ ပြောလို့ရချင်မှာလေ။ တရုတ်နိုင်ငံကနေ ဒီကို လာတယ်။ ဒီကနေ သူတို့နိုင်ငံ သူတို့ ဘာသာပြန်သွားတယ်။ သူနိုင်ငံရောက်မှာ ဖြစ်ပြီးတော့  ဖြစ်နိုင်တာပဲ။ ဒါကို ပြောနေမဟုတ်ဘူး ။ ဒီလို့ကြီး ဖြတ်သန်းသွားနေတာတော့ ကျွန်မတို့က လေကြောင်းလိုင်း ၊ ကားလမ်းတွေမှ အပူချိန်တိုင်းတာတွေ လုပ်နေတယ်။ အဲ့ဒီမှာ အဖျားမရှိရင်တော့ လွှတ်ထွက်သွားမှာပဲ ။ဒါတွေကတော့ သူတို့ဘာသာ ပြောနေတာပဲ။ ကျွန်မတို့ကတော့ ပြန်လည်ချေပစရာအကြောင်းမရှိဘူး။ ကျွန်မတို့က Fevers   System လုပ်တယ်။ လွတ်သွားရင်တော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။ ဒီမှာတော့ အခုထိ ဘာမှ မရှိသေးဘူ “ ဟု ၎င်းက ပြောသည်။

လက်ရှိတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ၊ ည ၉ နာရီ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ    2019 Novel Coronavirus သံသယလူနာ ( ၁ ) ဦး အပါအဝင်  ရောဂါစောင့်ကြည့် လူနာ ၁၀ ဦးတို့အား ဆေးရုံများတွင် စောင့်ကြပ်ကုသပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၉ ရက်အထိဆိုရင် ၈၀၀ ကျော်သွားပြီဖြစ်ကာ  ကူးစက်ခံထားရသူ အရေအတွက်ဟာ ၃၇,၂၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly