တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်သွားပြီ

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်သွားပြီ

ဖေဖော်ဝါရီ ၉ ။                    ။ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၉ ရက်အထိဆိုရင် ၈၀၀ ကျော်အထိ ရှိသွားပြီလို့ သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၂-၂၀၀၃ ခုနှစ်တွေအတွင်း SARS ရောဂါ ဖြစ်ပွားစဉ်တုန်းက ကမ္ဘာတစ်ဝန်း သေဆုံးသူ စုစုပေါင်းဦးရေကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဟာ လက်ရှိမှာ ပြန်လည် တည်ငြိမ်လာပုံရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သွားခဲ့တယ်ဆိုသော်ငြားလည်း ယခုလို သေဆုံးသူဦးရေ ထပ်မံမြင့် တက်လာ ခဲ့ပြန်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ နောက်ထပ် သေဆုံးသူ ၈၉ ယောက် ထပ်မံ ပေါ်ထွက်လာပြီးနောက် ယင်းနိုင်ငံတစ်ဝန်း သေဆုံးသူဦးရေ စုစုပေါင်းဟာ ယခုအခါ ၈၁၁ ဦး အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ SARS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးခဲ့ရတဲ့အရေအတွက်ဖြစ်တဲ့ ၇၇၄ ဦးထက် ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ တရုတ်မှာ ယင်း ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ဟာ ၃၇,၂၀၀ နီးပါး ရှိနေပြီလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly