ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ထိုင်းကုန်တိုက်က သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ

ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ထိုင်းကုန်တိုက်က သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ
Photo: EPA

အနည်းဆုံး လူ ၂၁ ဦးကို သေဆုံးစေခဲ့ပြီး ကုန်တိုက်ထဲမှာ တစ်ညလုံးပုန်းခိုနေခဲ့တဲ့ ထိုင်းစစ်သားကို တနင်္ဂနွေနေ့ မနက်ပိုင်းက သေနတ်ဖြင့် အသေပစ်ဖမ်းခဲ့တယ်လို့ နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့ မိနစ် ၃၀ လောက် (မြန်မာစံတော်ချိန် မနက် ၈:၃၀ နာရီ)က သေဆုံးခဲ့တယ်လို့ ရာဇဝတ်မှု နှိမ်နှင်းရေးဌာနအကြီးအကဲ Jirabhob Bhuridej က AFP ကို ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးနဲ့ ရဲတပ်ဖွဲ့အကြီးအကဲကလည်း သေနတ်သမား သေဆုံးခဲ့တာကို အတည်ပြုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly