အိုင်အက်စ်တို့က မီဒီယာသမားများကို ဦးစားပေးပစ်မှတ်အဖြစ် သတ်ဖြတ်

အိုင်အက်စ်တို့က မီဒီယာသမားများကို ဦးစားပေးပစ်မှတ်အဖြစ် သတ်ဖြတ်

၂၀၁၄ ခုနှစ်က အီရတ်မြို့ မိုဆူးလ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း အိုင်အက်စ်တို့က ဂျာနယ်လစ်နှင့် အခြားမီဒီယာလုပ်သား အနည်းဆုံး ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း   စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က   ပြောသည်။

ဂျီဟတ်အုပ်စု အိုင်အက်စ်တို့၏ အဓိကပစ်မှတ်များတွင် မီဒီယာသမားများလည်း ပါဝင်ကြောင်း နယ်စည်းမခြားသတင်းထောက် RSF အဖွဲ့က ပြောသည်။

ကုန်လွန်ခဲ့သည့် ၁၆ လအတွင်း ပြန်ပေးဆွဲဖမ်းဆီးခံရသည့် မီဒီယာသမား ၄၈ ဦးတွင် ၁၀ ဦး၏ ကံကြမ္မာ မည်သို့ကြုံတွေ့သည်ကိုလည်း သိရှိနိုင်ခြင်းမရှိပေ။

ရုပ်မြင်သံကြားနှင့် ရေဒီယိုအသံလွှင့်ရုံများလည်း အိုင်အက်စ်တို့၏ ထိန်းချုပ်မှုအောက် ကျရောက်ကာ မိုဆူးလ်မြို့သည် သတင်းအမှောင်တွင်းနက်မြို့ကြီးအဖြစ်သို့ ကျရောက်နေပြီဖြစ်ကြောင်း RSF ကပြောသည်။

အိုင်အက်စ်တို့က ရုပ်မြင်အသံလွှင့်စတီဒီယိုများကို စစ်လက်နက်သဖွယ်အသုံးချကာ မီဒီယာဝါဒဖြန့်မှုများလုပ်ဆောင်နေကြောင်းလည်း ယင်းအဖွဲ့မှ အလက်ဇန္ဒြားခါဇန်က ပြောခဲ့သည်။

အိုင်အက်စ်တို့ လက်အောက်မိုဆူးလ်များ ကျရောက်ပြီးနောက်ပိုင်း ထွက်ပြေးကြရသည့် ဂျာနယ်လစ်ပေါင်း ၆၀ ရှိကြောင်း အီရတ်အခြေစိုက် ဂျာနယ်လစ်လွတ်လပ်ခွင့်စောင့်ကြည့်ရေးအဖွဲ့နှင့် ပူးတွဲထုတ်ပြန်သည့် RSF အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly