ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ပူပန်မှုတွေကြားက ကျင်းပတဲ့ စုံတွဲထောင်နဲ့ချီတို့ရဲ့ စုပေါင်းလက်ထပ်ပွဲ

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ပူပန်မှုတွေကြားက ကျင်းပတဲ့ စုံတွဲထောင်နဲ့ချီတို့ရဲ့ စုပေါင်းလက်ထပ်ပွဲ

ဖေဖော်ဝါရီ ၇။          ။ လက်ရှိကာလမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေစဉ်မှာပဲ တောင်ကိုရီးယားက ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာတော့ ဖေဖော်ဝါရီ ၇ ရက်က ထောင်နဲ့ချီတဲ့ စုံတွဲတွေရဲ့ စုပေါင်း မင်္ဂလာလက်ထပ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုမှာ စိုးရိမ်နေရတာကြောင့် ယခု စုပေါင်းလက်ထပ်ပွဲမှာ မင်္ဂလာစုံတွဲတစ်ချို့လည်း နှာခေါင်းစည်းတွေ တပ်လျက်သား ပါဝင်ဆင်နွှဲခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ ဘုရားကျောင်း တာဝန်ရှိသူတွေကလည်း မင်္ဂလာပွဲတက်ရောက်လာသူ ၃၀,၀၀၀ ခန့်ကို နှာခေါင်းစည်းတွေ ဝေငှပေးခဲ့ပေမယ့် လူတစ်ချို့ကပဲ တပ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

“ ကျွန်မ ဒီနေ့ပဲ လက်ထပ်လိုက်ရလို့ အရမ်းပဲ ပျော်နေမိပါတယ်၊ ခုချိန်မှာ ဗိုင်းရပ်စ် အကူးခံရမှာကို မကြောက်ဘူးလို့ ပြောရင် ကျွန်မ လိမ်ပြောရာ ကျပါလိမ့်မယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်မ အကာအကွယ် ရသွားသလို ခံစားမိပါတယ် ” ဆိုပြီး မင်္ဂလာသတို့သမီးတစ်ဦးဖြစ်တဲ့ ချွိုင်ဂျီယန်းက ပြောသွားပါတယ်။

တောင်ကိုရီးယားမှာတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄ ဦး ရှိနေပြီး ယင်း ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မယ့် အရေး ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

တရုတ်မှာတော့ ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀ ကျော်သွားပြီး လူပေါင်း ၃၀,၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly