ဂျပန်အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦး တွေ့ရှိထား

ဂျပန်အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦး တွေ့ရှိထား

 ဖေဖော်ဝါရီ ၇ ။           ။ လူပေါင်း  ၃၇၁၁ ဦးလိုက်ပါလာတဲ့ ဂျပန်အပျော်စီးသင်္ဘော Diamond Princess ပေါ်မှာ ကိုရိုနာဗိုင်းရပ်ပ်စ် ကူးစက်ခံရခြင်းရှိ မရှိ အာဏာပိုင်တွေက စစ်ဆေးလျက်ရှိပြီး ၂၇၃ ဦး ကို စစ်ဆေးပြီးတဲ့အခါမှာတော့  ကူးစက်ခံရသူ ၆၁ ဦးရှိနေတာကို တွေ့ရှိရကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကာဆုနိုဘူကာတိုက ဖေဖော်ဝါရီ ၇ ရက်မှာပြောပါတယ်။

ဂျပန်ကမ်းလွန် ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အပျော်စီးသင်္ဘောပေါ်မှာ အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၂၀ ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယခု ၄၁ ဦးကို ထပ်မံစစ် ဆေးတွေ့ရှိ ခဲ့တာပါ။

ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိသူတွေထဲမှာ ဂျပန်နိုင်ငံသား ၂၁ ဦးအပါအဝင် အမေရိကန်၊ ကနေဒါ ၊ ဩစတြေးလျ၊ ဆဲလ်တစ်ဘရစ်တန်နဲ့ အာဂျင်တီးနားနိုင်ငံသားတွေလည်း ပါပါတယ်။

“ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ဒီကနေ့မှာ စီရင်စုအသီးသီးက ဆေးရုံတွေဆီ ပို့ပေးသွားမှာပါ၊ အဲဒီအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်” လို့ ကျန်းမာရေးဝန်ကြီး ကာဆုနိုဘူက ပြောပါတယ်။

အာဏာပိုင်တွေက သက်ကြီးပိုင်းတွေ၊ အဖျားလက္ခဏာရှိသူတွေ၊ ကူးစက်ခံရသူနဲ့ အနီးကပ်နေခဲ့သူတွေကို သံသယလူနာတွေအဖြစ် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်ကလူတွေကို ရောဂါခြေချုပ်နဲ့ စောင့်ကြည့်နေတာဖြစ်ပြီး သူတို့အတွက် ရိက္ခာဖြည့်ဆည်းပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်အထိ ယိုကိုဟားမားဆိပ်ကမ်းမှာ အဲဒီအပျော်စီးသင်္ဘောဆိုက်ကပ်ထားမှာပါ။

ပြီးခဲ့တဲ့လက သင်္ဘောပေါ်လိုက်ပါခဲ့တဲ့ ဟောင်ကောင်ခရီးသည်တစ်ဦးမှာ အဆိုပါ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သင်္ဘောပေါ်က ခရီးသည်တွေနဲ့ အမှုထမ်းတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly