ယီမင်ရှိ အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ဟု ဒေါ်နယ်ထရမ့် အတည်ပြု

ယီမင်ရှိ အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ဟု ဒေါ်နယ်ထရမ့် အတည်ပြု

ဖေဖော်ဝါရီ ၇ ။              ။ ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ခေါင်းဆောင် ဖြစ်သူဟာ အမေရိကန်လက်ချက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်မှာ အတည်ပြုသွားခဲ့ပါတယ်။

ဒါဟာ အမေရိကန် ရေတပ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုဟာ ၎င်းတို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဂျီဟတ် အဖွဲ့က ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာ မှာပဲ ခုလို ယင်းအဖွဲ့ရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

“ယီမင်မှာ လုပ်ခဲ့တဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆေးရေးတစ်ခုမှာ အာရပ်ကျွန်းဆွယ်ဒေသ အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ရဲ့ တည်ထောင်သူ၊ ခေါင်းဆောင် အယ်လ် ရီမီ ကို  အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ပါတယ်” လို့ ထရမ့်က အိမ်ဖြူတော်ကနေ ကြေညာသွားခဲ့ပါတယ်။

AQAP အဖွဲ့ကိုတော့ ကမ္ဘာတစ်ဝန်း လှုပ်ရှားနေတဲ့ အစွန်းရောက် ဂျီဟတ် အဖွဲ့အစည်းတွေအနက် အန္တရာယ်အရှိဆုံး အဖွဲ့အဖြစ် အမေရိကန်အစိုးရက ရှုမြင်ထားတာဖြစ်ပါတယ်။

“ ရီမီရဲ့ လက်ထက်မှာ AQAP အဖွဲ့ဟာ ယီမင်မှာ ရှိတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ရက်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်၊ နောက်ပြီး အမေရိကန်ကိုလည်း တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ခုလို သူ သေဆုံးသွားတဲ့အတွက် အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဆုတ်ယုတ်သွားစေခဲ့ပါပြီ” လို့ ထရမ့်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly