နီပေါတွင် ပထမဆုံး အမျိုးသမီးသမ္မတ လွှတ်တော် တင်မြှောက်

နီပေါတွင် ပထမဆုံး အမျိုးသမီးသမ္မတ လွှတ်တော် တင်မြှောက်

နီပေါ ပါလီမန်က ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသူ ဘိုက်ဟာဒီဝီဘဟန်ဒါရီအား တင်မြှောက်လိုက်ပြီး သမိုင်းမှတ်တိုင်သစ်တစ်ရပ်ကို စိုက်ထူလိုက်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ဘဟန်ဒါရီသည် လက်ရှိ နီပေါကွန်မြူနစ်ပါတီ(United Marxist Leninist) ၏ ဒုတိယဥက္ကဌဖြစ်သည်။

၂၀၀၉ မှ ၂၀၁၁ အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး နိုင်ငံတွင် လူနည်းစုများနှင့် အမျိုးသမီးအခွင့်အရေးများကို ရပ်တည်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကတိပေးထားသည်။

ယခုလအစောပိုင်းက နီပေါ ပါလီမန်က ဝန်ကြီးချုပ်သစ်အဖြစ် ကေပီ ရှာမာအိုလီအား ရွေးကောက်တင်မြှောက်ခဲ့သည်။

ဘဟန်ဒါရီသည် ဝန်ကြီးချုပ် အိုလီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ကာ အမျိုးသားများကြီးစိုးသော လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ် ရေရှည်ကျင်လည် လာခဲ့သူဖြစ်သည်။

၂၀၀၈ ခုနှစ်က နီပေါနိုင်ငံတွင် ဘုရင်စနစ်ဖျက်သိမ်းပြီးနောက် ပထမဆုံး ရွေးကောက်ခံသမ္မတဖြစ်လာသူ ရမ်ဘာရန်ယာဒက်၏ နေရာကို ဘဟန်ဒါရီက ဆက်ခံခြင်းဖြစ်သည်။

ဘဟန်ဒါရီသည် လူသေဆုံးမှုအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးမှ အတည်ပြုလိုက်သည့် အခြေခံဥပဒေပြဌာန်းပြီးနောက် အချိန်ကာလ သိပ်မကြာသေးမီ သမ္မတအဖြစ် တာဝန်ယူရခြင်းလည်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly