အလွန်စိတ်ပျက်စရာကောင်းပြီး စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ ကြော်ငြာဗီဒီယိုတွေကို Chrome နဲ့ Google တို့က သြဂုတ်လမှာ ပိတ်ပင်မည်

အလွန်စိတ်ပျက်စရာကောင်းပြီး စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ ကြော်ငြာဗီဒီယိုတွေကို Chrome နဲ့ Google တို့က သြဂုတ်လမှာ ပိတ်ပင်မည်

Google ဟာ သူ့ရဲ့ Chrome browser နဲ့ YouTube ပေါ်က ဗီဒီယိုကြော်ငြာတွေကို ကန့်သတ်မှုအသစ်တွေ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

Chrome က (၈)မိနစ်ကြာမြင့်တဲ့ ဗီဒီယိုအလယ်ကြော်ငြာတွေကို ပိတ်ပင်မှာဖြစ်ပြီး YouTube ကလည်း အဲဒီကြော်ငြာတွေကို ဗီဒီယိုရဲ့ အစမှာ ပြသမှာမဟုတ်ဘူးလို့ Google က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

Google ဟာ ဒီကြော်ငြာတွေကို ဖြေးဖြေးချင်း တားဆီးသွားမှာဖြစ်ပါတယ်။ ကြော်ငြာတွေက ရတဲ့ ဝင်ငွေတွေအပေါ် မှီခိုနေရတယ်ဆိုပေမယ့် ဝက်ဘ်ဆိုက်ကြောင့် လူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာကို Google အနေနဲ့ မလိုလားပါဘူး။ 

Google ဟာ လတ်တလော သုံးလပတ်အတွင်း YouTube ကနေ ဝင်ငွေ ဒေါ်လာ (၁၅)ဘီလီယံ ရရှိထားပါတယ်။

Chrome နဲ့ YouTube တို့က ပထမ (၅)စက္ကန့်အတွင်း ကျော်ခွင့် မပေးတဲ့ (၃၁)စက္ကန့်ကြာ ကြော်ငြာတွေကိုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ Chrome က အဲဒီလိုကြော်ငြာတွေကို သြဂုတ် (၅)ရက်မှာ ပိတ်ပင်ပါမယ်။

ဒါ့အပြင့် ဗီဒီယိုတွေရဲ့ အလယ်တည့်တည့် ဒါမှမဟုတ် ဗီဒီယိုရဲ့ (၂၀)ရာခိုင်နှုန်းအထိ နေရာယူထားတဲ့ ဗီဒီယိုကြော်ငြာတွေလည်း ဖယ်ရှားပစ်မှာပါ။

ဒီစည်းမျဉ်းတွေက Coalition for Better Ads ရဲ့ နောက်ဆုံးပေါ် ညွှန်ကြားချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေက (၈)နိုင်ငံအတွင်းက လူပေါင်း (၄၅,၀၀၀) ပေါ် ကောက်ယူထားတဲ့ စစ်တမ်းအပေါ် အခြေခံထားတာပါ။

ကြော်ငြာတွေက စိတ်အနှောင့်အယှက်ပေးစေပြီး ဝက်ဘ်ဆိုက်တွေကို နွေးကွေးစေတာ၊ မိုဘိုင်းဒေတာတွေကို အလဟဿဖြစ်စေတာ၊ ဘက်ထရီကို ကုန်ခန်းစေတာအပြင် malware တွေကိုတောင် ပို့ပေးနိုင်ပါတယ်။

ဒါ့ကြောင့် လူအများစုက ကြော်ငြာပိတ်ပင်တဲ့ ဆော့ဖ်ဝဲလ် ဒါမှမဟုတ် browser တွေကို ထည့်သွင်းသုံးစွဲကြပါတယ်။ ကြောငြာတွေက သုံးစွဲသူရဲ့ အွန်လိုင်းအပြုအမှုကို ဘယ်လို ခြေရာခံနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုလည်း ရှိနေပြန်ပါတယ်။

Ref; CNet

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly