အီတလီမှာ ရထားလမ်းချော်မှု ဖြစ်ပွား၊ လူ ၂ ဦး သေဆုံး

အီတလီမှာ ရထားလမ်းချော်မှု ဖြစ်ပွား၊ လူ ၂ ဦး သေဆုံး

ဖေဖော်ဝါရီ ၆ ၊ ၂၀၂၀ ။              ။ အီတလီနိုင်ငံ မြောက်ပိုင်း မီလန်မြို့အနီးမှာ ဖေဖော်ဝါရီ ၆ ရက်က အမြန်ရထားတစ်စီး လမ်းချော်ခဲ့လို့ မီးရထားလုပ်သား နှစ်ဦး သေဆုံးပြီး အခြားလူ ၂၅ ယောက် လောက် ဒဏ်ရာတွေရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ရထားလမ်းချော်မှုကတော့ မီလန်မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့်အကွာ လိုဒီမြို့အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရထား လုပ်သားနှစ်ဦး သေဆုံးခဲ့ရတဲ့ ယင်း ရထားလမ်းချော်မှု ဖြစ်စဉ် နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လိုဒီမြို့ အုပ်ချုပ်ရေးမှူး မာဆယ်လို ကာဒိုနာက သတင်းထောက်တွေကို ပြောပါတယ်။

“ ဒီရထားလမ်းချော်မှုကြောင့် လူ နှစ်ယောက်တော့ ဆုံးသွားပါတယ်၊ ဒဏ်ရာရတဲ့သူတွေကတော့ အခြေအနေ သိပ် မစိုးရိမ်ရတော့ပါဘူး၊ အားလုံးကို ဆေးရုံပို့ထားပေးတယ်” လို့ ကာဒိုနာက ပြောပါတယ်။

ယခု လမ်းချော်ခဲ့တဲ့ ရထားကတော့ မီလန်မြို့နဲ့ ဆယ်လာနိုမြို့အကြား ပြေးဆွဲတဲ့ ရထားဖြစ်ပြီး ဘိုလော့နာကို သွားရာလမ်းမှာ လမ်းချော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly