မက်ဆီ မရှိတဲ့ ဘာကာ ရော်နယ်လ်ဒို မရှိတဲ့ ရီးယဲလ်မက်ဒရစ်လိုပဲ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ - ဂွာဒီယိုလာ

မက်ဆီ မရှိတဲ့ ဘာကာ ရော်နယ်လ်ဒို မရှိတဲ့ ရီးယဲလ်မက်ဒရစ်လိုပဲ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ - ဂွာဒီယိုလာ
Photos: AFP & EPA

လီယွန်နယ်မက်ဆီဟာ နောက်ဆုံးမှာ နူးကမ်ကနေ ထွက်ခွာသွားတဲ့အခါ ဘာစီလိုနာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို မရှိတော့တဲ့ ရီးယဲလ်မက်ဒရစ်လိုပဲ ရုန်းကန််မှုတွေနဲ့ ရင်ဆိုင်ရတဲ့ကာလမျိုး ဖြစ်လာမယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

အာဂျင်တီးနားကစားသမားဟာ အစောပိုင်း ဆယ်ကျော်သက်အရွယ်မှာ သူရဲ့ ဇာတိမြေ ရိုဇာရီယိုကနေ ထွက်ခွာလာပြီးနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာအသင်းမှာပဲ ကစားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၁၈ ဇူလိုင်လက မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် စပိန်ကလပ်အသင်းကြီးဟာ အဲဒီရာသီမှာ ကလပ်ကမ္ဘာ့ဖလား (၁)လုံးသာ ဆွတ်ခူးခဲ့ပြီး ဇီဒန်းရဲ့ တစ်ကျော့ပြန် အပါအဝင် အသင်းမှာ နည်းပြအပြောင်းလဲ (၃)ဦးအထိ တွေ့မြင်နေရပါတယ်။

မန်ချက်စတာစီးတီးမန်နေဂျာ ဂွာဒီယိုလာက နူးကမ့်ကနေ မက်ဆီ ထွက်ခွာတဲ့တစ်နေ့ သူ့ရဲ့ ကလပ်ဟောင်း ဘာကာဟာလည်း အလားတူ ပြဿနာမျိုး ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

"တစ်ချိန်ချိန်တော့ မက်ဆီလည်း ဘာကာကနေ ကျိန်းသေပေါက် ထွက်ခွာရမှာပါပဲ။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို ကစားသမားတွေက သာမန်ထက် ကျော်လွန်ပြီး အရမ်းကို ထူးခြားတဲ့သူတွေဖြစ်တယ်။"လို့ ဂွာဒီယိုလာက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

"မက်ဆီ ထွက်သွားတဲ့ တစ်နေ့ ဘာကာအနေနဲ့ သူ့နေရာကို အစားထိုးဖို့ အချိန်တစ်ခု ယူပြီး ပြင်ဆင်ရမှာပါပဲ။ ဒါက ရှောင်လွှဲလို့မှ မရတာကိုး။

"မက်ဆီတို့ ရော်နယ်လ်ဒိုတို့ဆိုတာ တစ်ရာသီ ဂိုး (၄၀-၅၀)လောက် ပုံမှန်သွင်းပေးနေတဲ့သူတွေေလေဗျာ။"

ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်ကနေ မန်ချက်စတာစီးတီးအထိ အောင်မြင်တဲ့ နည်းပြဘဝကို ဆက်ပြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly