ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အဆိုပြု

ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အဆိုပြု
တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ် ချုပ်ကြီး စိုးထွဋ် (ဝဲ)။ ဓာတ်ပုံ - acdfm2019

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၆

ပြည်ထဲရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းပေးပို့ခဲ့သည်။

လစ်လပ်လျက်ရှိသောပြည်ထဲရေးဝန်ကြီးဌာပြည်ထာင်စုဝန်ကြီးရာထူးနေရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် မှပေးပို့လာသော တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ပုဒ်မခွဲ(ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ၁၂ ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတက ပေးပို့ထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ထံမှအဆိုတင်ပြလာသော ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန်သဘောတူုကြောင်းကြေညာခြင်း(သို့မဟုတ်) ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၁ဝရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဆောင်ရွက်ရန်လျာထားကြောင်းလွှတ်တော်နာယကကပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ဖြစ်သောကြောင့် ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၄ရက်ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly