ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆၄ ဦး ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆၄ ဦး ရှိလာ

ဖေဖော်ဝါရီ ၆။            ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်က လူပေါင်း ၇၀ သေဆုံးကြောင်း ဟူဘေးကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ရာ ယင်းဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ်တွင် သေဆုံးသူဦးရေသည် ၅၄၉  ဦးအထိ မြင့်တက်ရောက်ရှိသည်။

တရုတ်ပြည်မကြီးအတွင်း သေဆုံးသူဦးရေသည် ၅၆၃ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ ဟောင်ကောင်တွင် တစ်ဦးနှင့် ဖိလစ်ပိုင်တွင် တစ်ဦး သေဆုံးခြင်းအပါအဝင် တစ်ကမ္ဘာလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၅၆၄ ဦး ရှိသွားပြီ ဖြစ်သည်။

ဟူဘေးပြည်နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်က ကိုရိုနာကူးစက်ဖြစ်ပွားသူ ၂၉၈၇ ဦး ရှိကြောင်း အာဏာပိုင်များက အတည်ပြုရာ ယင်းပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်းမှာ ၁၉၆၆၅ ဦးအထိ ရှိပြီ ဖြစ်သည်။

ဟူဘေးပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ထားကုသနေရသူပေါင်းမှာ ၁၄၃၁၄ ဦး ရှိပြီး ၇၅၆ ဦးက စိုးရိမ်ဖွယ် အခြေအနေရှိသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

တရုတ်ပြည်မကြီးအတွင်း ကိုရိုနာကူးစက်ဖြစ်ပွားသူပေါင်း ၂၇၃၇၈ ဦး ရှိပြီး တစ်ကမ္ဘာလုံးတွင် ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၂၇၆၀၂ ဦး ရှိနေပြီ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly