တောင်အာရှငလျင်ကြောင့် အိုးအိမ်မဲ့သွားသူများ ရာသီဥတုအအေးဓာတ်အတွင်း သေဆုံးရမည့် ဘေးများကြံုနေ

တောင်အာရှငလျင်ကြောင့် အိုးအိမ်မဲ့သွားသူများ ရာသီဥတုအအေးဓာတ်အတွင်း သေဆုံးရမည့် ဘေးများကြံုနေ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်မြေဒေသအချို့တွင် အောက်တိုဘာ ၂၆ ရက်က ကြုံတွေ့လိုက်ရသည့် အားပြင်းငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများသည် အပြင်တွင် ဖြစ်သလိုနေရခြင်း များကြောင့် ရာသီဥတုဒဏ်အတွင်း သေဆုံးသွားနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက သတိပေးနေသည်။

ဘေးဒုက္ခကြုံအတွင်း အိုးအိမ်မဲ့သွားသူများသည် နှစ်ညတာ အပြင်တွင် နေနေခဲ့ရ၍ ၎င်းတို့အတွက် ရွက်ဖျင်တဲများနှင့် ခြုံစောင်များ အရေးပေါ်လိုအပ်နေသည်။

ပြင်ပအအေးဓာတ်ကြောင့် သေဆုံးရမည့် အန္တရာယ်မှာ ကလေးငယ်များအတွက် ပို၍ စိုးရိမ်စရာရှိနေသည်။

အောက်တိုဘာ ၂၇ ရက်ညက ရေခဲမှတ်ရောက်လုသည့် ရာသီအေးမြခြင်းအတွင်း ပြင်ပတွင် နေထိုင်ခဲ့ရသူ ထောင်ပေါင်းများစွာရှိပြီး ငလျင်ငယ်များ လှုပ်သည်ကို ကြောက်ရွံထိတ်လန့်လျက်ရှိသဖြင့် အိမ်တွင်း မနေဝံ့သူများလည်း ရှိနေကြကြောင်း ပါကစ္စတန်မီဒီယာများတွင် ဖော်ပြသည်။

နှစ်နိုင်ငံအတွင်း သေဆုံးသူဦးရေသည် အနည်းဆုံး ၃၆၀ ရှိကြောင်း၊ သို့သော် သေဆုံးသူအရေအတွက်က ထပ်တိုးလာနိုင်ကြောင်း၊ အဓိက အာဖဂန်တွင် သေဆုံးသူဦးရေ ပိုတိုးနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly