ကမ္ဘာကျော် ဂီတာကြယ်ပွင့် Jimi Hendrix ၏ လန်ဒန်နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်တော့မည်

ကမ္ဘာကျော် ဂီတာကြယ်ပွင့် Jimi Hendrix ၏ လန်ဒန်နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်တော့မည်

ကမ္ဘာကျော် ဂီတာကြယ်ပွင့် Jimi Hendrix ၏ လန်ဒန် နေအိမ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

Heritage Lottery Fund နှင့် အလှူရှင်များ၏ ငွေကြေးအကူအညီဖြင့် Brook လမ်းရှိ အမှတ် (၂၃) တိုက်ခန်းကို ပေါင်စတာလင်ငွေ ၂ ဒသမ ၄ သန်း အကုန်အကျခံကာ ပြင်ဆင်လျက် ရှိသည်။

ဂီတာကြယ်ပွင့် Hendrix သည် တတိယထပ်ရှိ ထိုတိုက်ခန်းကို ၁၉၆၈ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွက် လက်မှတ်များကို နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင် ရောင်းချသွားမည် ဖြစ်သည်။

Hendrix ၏ တိုက်ခန်းတည်ရှိသော Brook လမ်းထဲတွင် ဂျာမန်ဖွား တေးရေးဆရာ George Frideric Handel ၏ အမှတ် (၂၅) တိုက်ခန်းလည်း တည်ရှိသည်။ George Frideric သည် ထိုတိုက် ခန်းတွင် ၂၆ နှစ်ခန့် နေထိုင်သွားခဲ့သည်။

ထိုတိုက်ခန်း နှစ်ခုလုံးကို Handel House Trust က ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ဂီတာကြယ်ပွင့် Jimi Hendrix သည် ၁၉၇၀ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly