နယူးဇီလန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်၊ ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေး

နယူးဇီလန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်၊ ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေး

ဖေဖော်ဝါရီ ၅ ။                   ။ နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းမှာ ပြင်းထန်ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်လို့ ဖေဖော်ဝါရီ ၅ ရက်က ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ နေအိမ်တွေကို စွန့်ခွာ ထွက် ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် Milford Sound ဆိုတဲ့ ခရီးသွားတွေ လည်ပတ်ရာ နေရာမှာလည်း ခရီးသွား ရာနဲ့ချီတို့ ပိတ်မိသောင်တင်လျက် ရှိတယ်လို့ သိရပါ တယ်။

ယင်းနိုင်ငံရဲ့ Southland ဒေသမှာ နာရီ ၆၀ အတွင်း မိုးရေချိန် ၁,၀၀၀ မီလီမီတာကျော် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို အဓိက လမ်းတွေမှာ မြေပြိုမှုတွေ၊ တောင်ကမ်းပါးတွေပေါ်ကနေ ရေကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့ရပါတယ်။

တချိန်တည်းမှာလည်းပဲ အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကိုလည်း ဖေဖော်ဝါရီ ၅ ရက်မှာပဲ ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

“ ဒီ ဒေသမှာ ရှိတဲ့ ပြည်သူ ၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ အမြန်ဆုံး ပြောင်းဖို့ ညွန်ကြားချက် ထုတ်ထားပါတယ်” လို့ Southland ဒေသ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားပါတယ်။

နိုင်ငံတကာ ခရီးသွားတွေအကြား ရေပန်းစားတဲ့ Milford Sound နေရာဆီ သွားရာ တစ်ခုတည်းသော လမ်းမှာ ရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယင်းနေရာမှာ ပိတ်မိနေတဲ့ ခရီးသွားတွေကို ကယ်တင်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကြိုးပမ်းနေပြီး လက်ရှိအချိန်မှာလည်း လူပေါင်း ၂၀၀ နီးပါးကို လေယာဉ်နဲ့ ကယ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly