MAMA ခေါက်ဆွဲခြောက်ထုပ်အတွင်း ဘိန်းဖြူများထည့်သယ်လာသည့် ထိုင်ဝမ်သားနှစ်ဦး ထိုင်းလေဆိပ်တွင်ဖမ်းမိ

MAMA ခေါက်ဆွဲခြောက်ထုပ်အတွင်း ဘိန်းဖြူများထည့်သယ်လာသည့် ထိုင်ဝမ်သားနှစ်ဦး ထိုင်းလေဆိပ်တွင်ဖမ်းမိ

 ဖေဖော်ဝါရီ ၄ ။              ။ ဘိန်းဖြူ ၁၅ ကီလိုဂရမ်ကို MAMA အသင့်စားခေါက်ဆွဲခြောက်ထုပ်ထဲထည့်ကာ မှောင်ခိုထုတ်ရန်ကြိုးစားသည့် ထိုင်ဝမ်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီ ၃၀ ရက်က သုဝဏ္ဏဘူ မိလေဆိပ်၌ ထိုင်းရဲအရာရှိများက ဖမ်းလိုက်ကြောင်း သိရသည်။

ဘိန်းဖြူများကို အာရှတစ်လွှားနာမည်ရှိပြီးသားဖြစ်သည့် MAMA ခေါက်ဆွဲခြောက်ထုပ်များနှင့် အမှုန့်ထည့်ဘူးများထဲတွင် ထည့်လာသည် ကို  ရဲများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲများသည် သတင်းရပြီးနောက် ထိုင်ဝမ်သို့ပြန်တော့မည့် အဆိုပါအမျိုးသားနှစ်ဦးကို လေဆိပ်တွင် ဖမ်းလိုက်ခြင်းဖြစ်ကြောင်း  ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့ပြီး ၎င်းဘိန်းဖြူများ မည့်သည့်နေရာမှသယ်ဆောင်လာကြောင်းကိုမူ မပြောခဲ့ပေ။

မြန်မာ၊ ထိုင်းနှင့် လာအိုနယ်စပ်ရှိ ဒေသများသည် ဥပဒေမဲ့ဇုန်များဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဘိန်းဖြူရောင်းဝယ်ရာ ဗဟိုချက်ဖြစ်နေခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်များအတွင်း မက်သာဖက်တမင်း (methamphetamine) မူးယစ်ဆေး၊ ကက်တမင်း (ketamine) နှင့် ဖန်တာနိုင်း (fentanyl) များကို အမြောက်အမြားထုတ်လုပ်ခဲ့ကြပြီး ဘိန်းဖြူထုတ်လုပ်မှုကိုပင် ကျော်တက်သွားသည်။  

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဘိန်းပင်စိုက်ပျိုးမှုသည် ၂၀၁၉ ခုနှစ်၌ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ ၎င်းဈေးကွက်ထဲတွင် ဘိန်းဖြူသုံးစွဲသူ သုံးသန်းဝန်းကျင်ခန့်ရှိနေဆဲဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly