မွေထိုင်းလက်ဝှေ့သမား စိုးမင်းအောင်ရဲ့ ဖခင်ပျောက် ရှာပုံတော်

မွေထိုင်းလက်ဝှေ့သမား စိုးမင်းအောင်ရဲ့ ဖခင်ပျောက် ရှာပုံတော်
Photo  Credit - WLC

ဖေဖော်ဝါရီ ၄။                ။ ကမ္ဘောဒီးယား လက်ဝှေ့ကျော်ကို အနိုင်ထိုးသတ်ခဲ့သည့် မွေထိုင်းလက်ဝှေ့သမား မြန်မာနွယ်ဖွား စိုးမင်းအောင်က ၁၀ နှစ်ကျော် ကွဲကွာနေသည့် ဖခင်ဖြစ်သူနှင့် ပြန်လည်စုံစည်းနိုင်ရန် ရှာပုံတော် ဖွင့်လို့နေသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့က WLC 11: Battle Bones ပွဲစဉ် ၏ ဒုတိယခေါင်ပွဲစဉ် တွင် ကမောဒီယား မှ  ဆော့ရစ်သ် နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် မြန်မာပရိတ်ရှေ့မှောက်မှ အနိုင်ယူ အောင်ပွဲခံခဲ့ပြီးနောက် မြန်မာပရိတ်သတ်များ သတိထားမိလာခဲ့သည်။

စိုးမင်းအောင်ကို မြန်မာနိုင်ငံသား မွန်၊ ကရင် မိဘနှစ်ပါးက ထိုင်း-မြန်မာနယ်စပ်တွင် မွေးဖွားခဲ့ပြီး နယ်စပ်မှာပင် ကြီးပြင်းခဲ့ရသည်။ မိဘနှစ်ပါး အိမ်ထောင် ကွဲသွားပြီးသည့်နောက် သူလည်း ထိုင်းနိုင်ငံတွင်ပင် လက်ဝှေ့ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

မွေထိုင်းလက်ဝှေ့သမား မြန်မာနွယ်ဖွား စိုးမင်းအောင် ပုံ - စိုးမင်းအောင်

Max Muay Thai ပြိုင်ပွဲများ တွင် ချန်ပီယံဆုများ နှင့် ပရိတ်သတ်အခိုင်အမာရရှိထားသည့် ကစားသမားတစ်ဦး ဖြစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တွင် ဖခင်ဖြစ်သူ ကို လိုက်လံရှာဖွေဖို့ လူမှုကွန် ယက်စာမျက်နှာတွင် အကူညီတောင်းခံထားသည်။

စိုးမင်းအောင် ၏ ဖခင်ဖြစ်သူ ကိုအဓိကရှာဖွေပေးနေသူတစ်ဦး ဖြစ်သည့် Myanmar Lethwei Collection ၏ အယ်ဒီတာဖြစ်သူ ကိုမင်းဥက္ကာအဆိုအရ  စိုးမင်းအောင်အဖေမှာ ထားဝယ်မြို့ ရေဖြူမြို့နယ်တွင် လွန်ခဲ့သည့် ငါးနှစ်က နေထိုင်သွားခဲ့သည်ဟု ဆိုသည်။

တစ်မြို့တစ်နယ်စီခြားသော်လည်း ထိုင်းနိုင်ငံနေသူ မိခင်နှင့်တော့ စိုးမင်းအောင်မှာ အဆက်သွယ်ရှိနေဆဲဖြစ်သည်။

စိုးမင်းအောင်၏ဖခင်ဖြစ်သူပုံ - မင်းဥက္ကာ

“သူအမေနဲ့ဆက်သွယ်လို့ရပါတယ်။ … သူ့အမေဆီက ဓာတ်ပုံ ရတယ်။မောင်နှမ သုံးယောက်ရှိတယ်။ သူအဖေဓာတ်ပုံရတယ်။ ဒါက တော်တော် အားကောင်း ပါတယ် ။ မိသားစုကွဲကာနေတာအနည်းဆုံး ၁၀ နှစ်ရှိပြီးဆိုတာ သိလိုက်ရပါတယ် “ ဟု ကိုမင်းဥက္ကာက ပြောဆိုသည်။

မြန်မာလက်ခမောင်းကုမ္ပဏီ (WLC) အနေဖြင့် စိုးမင်းအောင်ကို နှစ်နှစ်စာချုပ် ချုပ်ဆိုထားပြီး လစဉ်ပုံမှန်ပေးချေမှု နှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တွင် ဒေါ်လာ တစ်သောင်းအထိ တာဝန်ယူကုသ ပေးမည်မည့်အချက်ပါ စာချုပ်ထဲတွင် ပါဝင်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly