တရုတ်တွင် ဝူဟန်နှင့် ဝေးသည့် မြို့ကြီးများပါ ပြည်သူအသွားအလာ ကန့်သတ်ထား

တရုတ်တွင် ဝူဟန်နှင့် ဝေးသည့် မြို့ကြီးများပါ ပြည်သူအသွားအလာ ကန့်သတ်ထား
Photo: EPA

ဘေဂျင်း၊ ဖေဖော်ဝါရီ ၄

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့နှင့် အလှမ်းဝေးသော တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှာ စိုးရိမ်သည့်အတွက် ၎င်းပြည်နယ်ရှိ   မြို့ကြီး နှစ်ခုထက်မနည်းတွင် ဒေသခံများ၏အသွားအလာကို ကန့်သတ်ထားသည်။

ထိုင်ကျိုမြို့နှင့် နေအိမ်ဧရိယာများမှနေ၍ တရုတ်၏ အကြီးမားဆုံး နည်းပညာ ထိပ်တန်းလုပ်ငန်းစုဖြစ်သည့် Alibaba ရုံးချုပ်ထိ အပါအဝင် ဟန်ကျိုး‌မြို့ရှိ အရပ်ဒေသ သုံးခုတွင် အိမ်ထောင်စုများအနေဖြင့် လိုအပ်သည်များထွက်ဝယ်ရန် တစ်အိမ်ထောင်လျှင် နှစ်ရက် တစ်ယောက်နှုန်းသာ ထွက်ခွင့်ပေးထားကြောင်း မြို့တာဝန်ရှိသူများက ပြောသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အဆိုပါဧရိယာအတွင်း နေထိုင်သည့်လူဦးရေမှာ ၉ သန်းကျော်မျှ ရှိသည်။

ထိုင်ကျိုမြို့သည် ဟူပေပြည်နယ်ဗဟိုမှ ၈၅၀ ကီလိုမီတာကွာဝေးပြီး ဖေဖော်ဝါရီ ၃ ရက်မှစ၍ ရထား ၉၅ စင်းကို ပြေးဆွဲမှု ရပ်ဆိုင်းထားသည်။

ရောဂါဆိုးဆိုးရွားရွားကူးစက်ခံရသည့် ဟူပေပြည်နယ်မှ လူများကို အိမ်မြေများ ငှားရမ်းခြင်းများ မပြုကြရန် အိမ်ပိုင်ရှင်များအား တားမြစ်ထားသည်။

ဟန်ကျိုးဒေသများတွင် မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ရပြီး ID ကတ်များ ဆောင်ထားရကာ ခန္ဓာကိုယ် အပူချိန်လည်း စစ်ဆေးရသည်။

ကျဲ့ကျန်းပြည်နယ်ရှိ လူဦးရေ ကိုးသန်းခန့်နေထိုင်သည့် ဝမ်ကျိုးမြို့တွင်လည်း အလားတူကန့်သတ်ချက်များရှိပြီး ဒေသခံများ၏အသွားအလာကို ကန့်သတ်ထားကာ လမ်းမများ ပိတ်ထားသည်။

ကျဲ့ကျန်းပြည်နယ်တွင် ကိုရိုနာကူးစက်ခံရသူ ၈၂၉ ဦးရှိပြီး ဟူပေပြည်နယ်ပြီးလျှင် အများဆုံးကူးစက်ခံရသော ပြည်နယ်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly