တူရကီနဲ့ ဆီးရီးယားအစိုးရတပ်တွေ အီဒလစ်ပြည်နယ်မှာ တိုက်ပွဲဖြစ်

တူရကီနဲ့ ဆီးရီးယားအစိုးရတပ်တွေ အီဒလစ်ပြည်နယ်မှာ တိုက်ပွဲဖြစ်

ဖေဖော်ဝါရီ ၄ ။                          ။ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ တူရကီနဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီ ၃ ရက်က အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ၂၀ ကျော်ထက်မနည်း သေ ဆုံးတယ်လို့ သိရပါတယ်။ သူပုန်ထိန်းချုပ်ရာ အီဒလစ်ပြည်နယ်နဲ့ ပတ်သက်ပြီး ဒါဟာဆိုရင် တူရကီနဲ့ ရုရှားနောက်ခံပြု ဆီးရီးယားအစိုးရကြား နောက်ထပ်တင်းမာမှု မြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်။

အခု အပြန်အ လှန် လက်နက်ကြီးတွေနဲ့ တူရကီနဲ့ ဆီးရီးယားတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဟာ ၂၀၁၆ ခုနှစ်ကစတင်ကာ ဆီးရီးယားနယ်မြေအတွင်း တူရကီ တပ်ဖြန့်လာချိန်နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲပဲ ဖြစ်ပါတယ်။ 

အီဒလစ်ပြည်နယ်မှာ ဆီးရီးယားအစိုးရရဲ့ သူပုန်နှိမ်နင်းရေး ထိုးစစ်တွေကြောင့် ကိုးနှစ်ကြာ ပြည်တွင်းစစ်အတွင်း ပြည်သူတွေ ဘေးလွတ်ရာ အုပ်စုလိုက်ထွက်ခွာမှုကြီးတွေ အဆိုးဆုံးဖြစ်နေကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ဒီ ပြည်နယ်အတွင်းမှာပဲ မကြာသေးမီက ရုရှားရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သား ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီးရီးယား အစိုးရတပ်တွေရဲ့ အမြောက်ကြီး ပစ်ခတ်မှုကြောင့် တူရကီ စစ်သားလေးဦး ကျဆုံးခဲ့တာကို လက်တုံ့ပြန်မယ်လို့ သမ္မတ အာဒိုဂန်က ဆိုရင်း ရုရှားနိုင်ငံကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူး ပြောဆိုထားတာ ဖြစ်ပါတယ်။

တူရကီဟာ ဆီးရီးယားနယ်ထဲက ကာ့ဒ်သူပုန်အုပ်စုကို ထိုးစစ်ဆင်တာကြောင့် ကြိုတင်သတိပေးချက် မရှိတာကြောင့် ဆီးရီးယားတပ်တွေက ပစ်ခတ်ရခြင်း ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly