ရှန်ဟိုင်းတွင် မျက်နှာစည်း mask များကို မှတ်ပုံတင်စနစ်ဖြင့် ဝယ်ယူနေရ

ရှန်ဟိုင်းတွင် မျက်နှာစည်း mask များကို မှတ်ပုံတင်စနစ်ဖြင့် ဝယ်ယူနေရ

တရုတ်နိုင်ငံတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကြား မျက်နှာစည်း mask များ ဝယ်ယူကြရာတွင် လူအုပ်လိုက်ကြီး စီတန်းခြင်းနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပေါ်နေခြင်းကို လျှော့ချရန် ရှန်ဟိုင်း၌ မှတ်ပုံတင်စနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။

တရုတ်နိုင်ငံအတွင်း mask များသည် အရေးပေါ်လိုအပ်ချက် ကြီးမားလျက် ရှိနေပြီး ဝယ်လိုအားကို ပြည့်မီအောင် အသည်းအသန် လုံးပန်းနေရသဖြင့် နယ်မြေအချို့တွင် mask များ ပြတ်လပ်မှု ဖြစ်ပေါ်လျက် ရှိသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ရှန်ဟိုင်း၌ ဆေးဆိုင်များတွင် မရှိမဖြစ် mask တစ်ခု ဝယ်ယူနိုင်ရန်အတွက် လူပေါင်းများစွာသည် အပြင်ဖက် အအေးဓာတ်အတွင်း နာရီအတော်ကြာအောင် စီတန်းစောင့်ဆိုင်းနေရသည်။

ထိုသို့ ဖြစ်နေသည်ကို ပြောင်းလဲပစ်ရန် mask ဝယ်ယူမှုစည်းမျဉ်းသစ်ကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၅ နာရီမှ စတင်ကာ ကျင့်သုံးလာတော့သည်။

ယင်းစနစ်ကို မြို့နှင့် ကျေးရွာ ကော်မတီများမှတစ်ဆင့် ဖော်ဆောင်လုပ်ကိုင်ကာ ဒေသခံများအနေဖြင့် တရားဝင်မှတ်ပုံတင် စာရွက်စာတမ်းများကို တင်ပြရခြင်းဖြစ်သည်။

နိုင်ငံခြားသားများအတွက်မူ ပတ်စ်ပို့နှင့် ယာယီလိပ်စာ မှတ်ပုံတင်ဖောင်ကို တင်ပြရသည်။

ထိုသို့ စာရွက်စာတမ်းများ တင်ပြပါမှ ဝယ်ယူခွင့် ဘောက်ချာကို အမှာစာနံပါတ်၊ ဆေးပေးခန်းလိပ်စာနှင့် တရားဝင်တံဆိပ်ခေါင်းတို့ ကပ်ပေးပြီး အဆိုပါ ဘောက်ချာ ရရှိပြီ ဆိုပါမှ တာဝန်ရှိသူများ၏ အခေါ်ကို စောင့်ဆိုင်းရသေးမှ ဝယ်ယူနိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင် ရှန်ဟိုင်းမြို့၏ အမြဲတမ်းနေထိုင်သူ အိမ်ထောင်စုဦးရေ၏ ၂၆ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စုပေါင်း ၂ ဒသမ ၁၇ သန်းသည် mask ဝယ်ယူရေးအတွက် မှတ်ပုံတင်ထားကြပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly