ဘာကီနာဖာဆိုတွင် စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံး

ဘာကီနာဖာဆိုတွင် စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံး

ဖေဖော်ဝါရီ ၃။            ။ ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်းရှိ Seno ပြည်နယ်က Lamdamol ရွာမှာ ဖေဖော်ဝါရီ ၁ ရက်ညက ဂျီဟတ်လို့ ယူဆရတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ပါတယ်။

တိုက်ခိုက်သူတွေဟာ လက်နက်ကြီးတွေနဲ့ မော်တော်ဆိုင်ကယ်တွေစီးပြီးတော့ ရွာသူရွာသားတွေကို လာရောက်ကွပ်မျက်ခဲ့ကြတာပါ။

ဆာဟယ်ဒေသမှာ ဂျီဟတ်တွေရဲ့ရန်ကိုကာကွယ်ဖို့ ပြင်သစ်တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်တပ်စွဲထားပြီး နောက်ထပ် တပ်သား ၆၀၀ ပို့မယ်လို့ ပြင်သစ်အစိုးရက ကြေညာအပြီး အခုလို တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ဖြ စ်ပါတယ်။

သေဆုံးသူတွေထဲမှာ သူနာပြုအကြီးအကဲလည်းပါဝင်ခဲ့ပြီးတော့ ဒေသခံတွေလည်း ကြောက်ရွံ့စိုးရိမ်တဲ့တွက်  နေရပ်စွန့်ခွါထွက်ပြေးလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း အနီးရှိ Soum ပြည်နယ်မှာ အလားတူဖြစ်ရပ်ကြောင့် အရပ်သား ၃၉ ဦးသေဆုံးခဲ့ပါတယ်။

ဘာကီနာဖာဆိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာလီနိုင်ငံနဲ့ အရှေ့ဘက်က နိုင်ဂျာနိုင်ငံတို့ဟာလည်း ဂျီဟတ်တွေရဲ့ရန်ကို ရင်ဆိုင်နေရတာပါ။

UNHCR ရဲ့  သံတမန်တစ်ဦးဖြစ်တဲ့ Filippo Grandi က “ကယ်ဆယ်ရေးစခန်းကို အပတ်တိုင်း လူရာနဲ့ချီရောက်လာကြတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေက သတ်ဖြတ်တဲ့အကြောင်းတွေ၊ အိမ်နဲ့ကျောင်းတွေကို ဖျက်ဆီးတာ တွေ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့အကြောင်းတွေ၊ ကြားရတာတွေက တုန်လှုပ်ဖို့ကောင်းတယ်ဗျ” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ မာလီ၊ နိုင်ဂျာနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့မှာ  ၂၀၁၉ ခုနှစ်အတွင်း ဂျီဟတ်တွေရဲ့တိုက်ခိုက်မှုကြောင့် လူ‌ ၄၀၀၀ ခန့်သေဆုံးခဲ့ပြီး ၆၀၀ ၀၀၀ ကျော်လောက် နေရပ်စွန့်ခွါထွက်ပြေးခဲ့ကြရတယ်လို့ သိရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly