ကိုရိုနာဗိုင်းရပ်သံသယရှိသူ လွိုင်ကော်တွင် တစ်ဦးထပ်တွေ့၊ စုစုပေါင်း သံသယလူနာ ငါးဦးအထိရှိလာ

03 February 2020
ကိုရိုနာဗိုင်းရပ်သံသယရှိသူ လွိုင်ကော်တွင် တစ်ဦးထပ်တွေ့၊ စုစုပေါင်း သံသယလူနာ ငါးဦးအထိရှိလာ

ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတစ်ဦးကို လွိုင်ကော်မြို့ ထပ်မံတွေ့ရှိထားပြီး စုစုပေါင်း သံသယလူနာ ငါးဦးကို စောင့်ကြည့် ကုသမှုများ ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရ ပါ တယ်။ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံတွင် တရုတ်နိုင်ငံ ကွမ်ကျိုးမှ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အသက်(၁၅)နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားတစ်ဦး စုစုပေါင်းနှစ်ဦး သံသ ယလူနာ အဖြစ် စောင့်ကြည့်ကုသမှုများ ပြုလုပ်နေပြီး မင်းပြား၊ ကျိုင်းတုံနှင့် လွိုင်ကော်တို့မှာ တစ်ဦးစီ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တင်ဆက် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly