ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော်ရှိ၊ တရုတ်ပြည်မကြီးအတွင်း SARS ကြောင့်သေဆုံးခဲ့သည့်နှုန်းထက် ပိုများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀ ကျော်ရှိ၊ တရုတ်ပြည်မကြီးအတွင်း SARS ကြောင့်သေဆုံးခဲ့သည့်နှုန်းထက် ပိုများ

ဘေဂျင်း၊ ဖေဖော်ဝါရီ ၃ ။             ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကြောင့် ယမန်နေ့က ထပ်မံသေဆုံးသူ ၅၆ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းအထိ  စုစုပေါင်း သေဆုံးသူဦးရေ ၃၆၁ ဦးနှင့် ကူးစက်ခံရသူ ၁၇၂၀၀ ကျော်ရှိသွားပြီဖြစ်ကာ တရုတ်ပြည်မကြီးအတွင်း ၂၀၀၂-၂၀၀၃ ခုနှစ်က SARS ရောဂါကြောင့် သေဆုံးခဲ့သည့်အရေအတွက်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဟူပေ အာ ဏာ ပိုင်များက ပြောသည်။

ဝူဟန်နှင့် ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ခန့်ကွာဝေးသည့် ဝမ်ကျိုမြို့တွင်လည်း အာဏာပိုင်များက လမ်းများပိတ်ဆို့ထားပြီး ဒေသခံများကိုလည်း မြို့အတွင်း သွားလာခွင့်ပိတ်ပင်ထားသည်။G7 ထိပ်သီး နိုင် ငံများဖြစ်သည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်ပြည်‌ထောင်စုတို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူများရှိခဲ့ပြီး ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn က ၎င်းတို့ အ နေ ဖြင့် ပူးပေါင်းတုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်က ပြောခဲ့သည်။

နိုင်ငံတကာမှကူးစက်ခံရသူအများစုသည် ဟူပေပြည်နယ်အတွင်းရှိ လူဦးရေ ၁၁ သန်းခန့်နေထိုင်သည့် စက်မှုဇုန်မြို့ဖြစ်သည့် ဝူဟန်မြို့ သို့မဟုတ် ထိုပတ်ဝန်းကျင်ဒေသများမှ ပြန်လာ သည့်သူ များဖြစ် ကြ သည်။ဝူဟန်မှရောက်ရှိလာသည့် အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသားသည် ဖိလစ်ပိုင်တွင် သေဆုံးခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၄ နိုင်ငံအထိ ကူးစက်ပျံ့နှံ့ခဲ့သည့်အတွက် ကမ္ဘာ့ကျန်း မာ ရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သည်။

တိရစ္ဆာန်များရောင်းသည့် ဝူဟန်ဈေးမှ လူသို့ ကူးစက်ခဲ့သည်ဟု ယူဆရပြီး လူအချင်းချင်းလည်း ကူးစက်နိုင်သည့် ၎င်းကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဟန့်တားရန် တရုတ်အစိုးရက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly