စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ကောင်းမွန်သော နိုင်ငံများအဆင့်တွင် ထိုင်းက အဆင့်သုံးဆင့်လျော့ကျ

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ကောင်းမွန်သော နိုင်ငံများအဆင့်တွင် ထိုင်းက အဆင့်သုံးဆင့်လျော့ကျ

ဘန်ကောက်၊ အောက်တိုဘာ ၂၈ ။                ။ ယခင်နှစ်ပတ်လည်စစ်တမ်းတွင် အဆင့်သုံးဆင့်လျော့ကျခဲ့သော်လည်း ထိုင်းသည် ကမ္ဘာတစ်ဝန်း ထိပ်တန်းစီးပွား ၅၀စာရင်းတွင် ပါဝင်လျက်ရှိသေးပြီး စီးပွားရေးလုပ်ကိုင်ရန်ကောင်းမွန်သော အာရှနိုင်ငံများတွင် အဆင့် သုံးနေရာရပ်တည်နေသည်ဟု ကမ္ဘာ့ဘဏ်အုပ်စု၏ အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။

၂၀၁၄ခုနှစ်က ထိုင်းသည် ကမ္ဘာ့စီးပွားရေး ၁၈၉နိုင်ငံစာရင်းတွင် အဆင့် ၄၆ရပ်တည်ခဲ့သော်လည်း ၂၀၁၅ခုနှစ်တွင် အဆင့် ၄၉နေရာသာ ရရှိထားသည်ဟု Doing Business 2016:Measuring Quality and Efficiency အစီရင်ခံစာက ဖော်ပြခဲ့သည်။

စီးပွားရေးလုပ်ကိုင်ကောင်းမွန်မှုအား တိုင်းတာသည့် နယ်ပယ် ၁၀ခုအနက် ထိုင်းသည် ဆောက်လုပ်ရေးပါမစ်များထုတ်ပေးမှုတွင်သာ တိုးတက်မှုရှိကြောင်း ပြသခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။

စင်ကာပူကမူ စီးပွားရေးလုပ်ကိုင်ရန်ကောင်းမွန်သည့်နိုင်ငံအဖြစ် ဆယ်နှစ်ဆက်တိုက်ရပ်တည်ခဲ့သည်။ ယင်းသို့ကောင်းမွန်သည့် ထိပ်တန်းနိုင်ငံ ၂၀ တွင် နယူးဇီလန်(နံပတ်-၂)၊   တောင်ကိုရီးယား (နံပါတ်-၄)၊ ဟောင်ကောင်(နံပါတ်-၅)၊ ထိုင်ဝမ်(နံပါတ်-၁၁)၊ သြစတြေးလျ(နံပါတ်-၁၃)နှင့် မလေးရှား(နံပါတ်-၁၈)တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly