ထိတွေ့မှုများထပ်မဖြစ်စေရန် JMC ကိုခိုင်မာအောင်ပြန်ပြင်ရန်လို

ထိတွေ့မှုများထပ်မဖြစ်စေရန် JMC ကိုခိုင်မာအောင်ပြန်ပြင်ရန်လို
ဓါတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။              ။ တပ်မတော်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းတို့အကြား တိုက်ပွဲ များထပ်မဖြစ်စေရန် JMC ကိုခိုင်မာ  မွန်ပြည် သစ်ပါ တီ (NMSP) ဉက္ကဋ္ဌဖြစ်သူ နိုင်ဟံသာကပြောဆိုလိုက်သည်။

“ တစ်ဖက်က JMC ကိုခိုင်မာအောင် ကျွန်တော်တို့က ပြန်ပြင်ဆင်ဖို့လိုတယ်ဗျ။ အခုက JMC ကိုဖွဲ့စည်းထားတယ်နော်။ အစိုးရတပ်မတော် ဘက်ကကိုယ်စားလှယ်၊ ဒီဘက်က တိုင်းရင်းသား ဘက်ကကိုယ် စားလှယ်၊ ပြီးတော့ကြားလူ၊ ကြားလူဆိုတာလည်း ဘာမှ သိပ်ပြောရဲတဲ့ သူတွေမပါဘူးလေ။ အဲ့တော့ ခိုင်မာတဲ့ JMC ကိုကျွန်တော်တို့ကမဖွဲ့စည်းနိုင်သေးဘူး” ဟု NMSP ဉက္ကဋ္ဌ နိုင်ဟံသာကပြောသည်။

ထို့အပြင် NCA စတင်ထိုးခဲ့ကတည်းက နယ်မြေသတ်မှတ်ခဲ့ခြင်းမျိုးမရှိသောကြောင့် အချို့အဖွဲ့တို့အကြား နယ်မြေလုသည့်ပုံစံမျိုး ဖြစ်ပွားလာကာ ထိတွေ့မှုအချို့လည်းရှိလာရသည်ဟု ၎င်းကဆိုသည်။“ အဲ့ မှာမဆွေးနွေးထားတော့ နောက်ပိုင်းမှာ ဒါကဒို့နယ်မြေပဲ၊ သူ့နယ်မြေပဲ ဆိုပြီးတော့မှ လုကြတဲ့သဘောလည်းပါတာပေါ့ဗျာ။ ကျူးကျော် လာတဲ့သဘော အဲ့ကိစ္စတွေလည်းပါတယ်ဗျ ” ဟု နိုင်ဟံသာ ကပြော သည်။

ထို့ကြောင့် JMC ကို ခိုင်မာစေရန် ပြင်ဆင်ဖို့လိုအပ်နေခြင်းဖြစ်ကာ ဉပမာအားဖြင့် မွန်ပြည်သစ်ပါတီဆိုပါက ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်း အထိတပ်များဖြန့်ကျက်လှုပ်ရှားနေသော်လည်း မွန်ပြည် နယ်တွင်သာ JMC ဖွဲ့စည်းခွင့်ရရှိထားသည်မှာလည်း အားနည်းချက်တစ်ခု ဖြစ်နေသည်ဟုဆိုသည်။

မကြာသေးမီကလည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းဒေသတွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ(NMSP)ထိတွေ့မှုအချို့ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း NMSP နှင့် KNU တို့ထိတွေ့မှုအချို့ဖြစ်ပွားခဲ့သေးသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U ) သည် တပ်မတော်နှင့် NCA ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များအချင်းချင်းတို့အကြား တိုက်ပွဲ များမဖြစ်စေရန်နှင့် ဖြစ်ပွားခဲ့ပါကကြားဝင်ညှိနှိုင်း ပေးရသည့် အဖွဲ့လည်းဖြစ်သည်။JMC-U ၏ အောက်တွင် ပြည်နယ်/တိုင်းအဆင့် စောင့်ကြည့်ရေးကော်မတီ JMC – S နှင့် ဒေသအဆင့် စောင့် ကြည့်ရေးကော် မတီ JMC-L တို့လည်း အဆင့်ဆင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသည့် တပ် ဖွဲ့လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly