ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁ ဦး သေဆုံး၊ တရုတ်နိုင်ငံပြင်ပ ပထမဆုံး သေဆုံးမှု ဖြစ်လာ

ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁ ဦး သေဆုံး၊ တရုတ်နိုင်ငံပြင်ပ ပထမဆုံး သေဆုံးမှု ဖြစ်လာ

ဖေဖော်ဝါရီ ၂  ။                  ။  ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံးသွားခဲ့ပြီလို့ ဖေဖော်ဝါရီ ၂ ရက်က တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ဒါဟာ တရုတ်နိုင်ငံ ပြင်ပမှာ ယင်းဗိုင်း ရပ်စ် ကြောင့် ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။အသက် ၄၄ နှစ်အရွယ် ဝူဟန်မြို့ကနေ လာတဲ့ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ယခုအခါ ဖိလစ်ပိုင်ရဲ့ မနီလာဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

၎င်းအမျိုးသားဟာ ဖိလစ်ပိုင်ကို ရောက်မလာခင်ကတည်းက အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ယုံကြည်ရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ပြောပါတယ်။ယခုအခါ အဆိုပါ ဗိုင်း ရပ်စ်ကြောင့် တရုတ်မှာ လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်။

တရုတ်မှာ ယင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ အပြင်းအထန် ကြိုးပမ်းနေရပါတယ်။

အလားတူ ယင်းဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ရေးအလို့ငှာ တရုတ်ကနေ လာတဲ့ လူတွေကို ပိတ်ပင်ကန့်သတ်ဖို့အတွက် ကမ္ဘာတစ်ဝန်း အစိုးရတွေက ယင်းတို့ရဲ့ နယ်စပ်တွေကို ပိတ်ပင်မှုတွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly