ဝူဟန်ပြန်များကို စောင့်ကြည့်မည့် ဆေးရုံသို့ အတင်းဝင်ရောက်သူများကို လေးခွ၊ ရာဘာကျည်တို့ဖြင့် ပစ်ခွင့်ပြုထား

ဝူဟန်ပြန်များကို စောင့်ကြည့်မည့် ဆေးရုံသို့ အတင်းဝင်ရောက်သူများကို လေးခွ၊ ရာဘာကျည်တို့ဖြင့် ပစ်ခွင့်ပြုထား
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

တရုတ်နိုင်ငံ ဝူဟန်မြို့က ရောက်ရှိလာမည့် မြန်မာကျောင်းသား ကျောင်းသူများကို ထားရှိမည့် ဆေးရုံသို့ ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်လာသူများအား လေးခွ၊ ရာဘာကျည်တို့ဖြင့် ပစ်ခွင့်ပေးထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ညပိုင်းက ရေးသားထားသည်။

အဆိုပါ ကျောင်းသား ကျောင်းသူများ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် အစောပိုင်းအချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းရှိ ကန်တော်နဒီ ဆေးရုံတွင် ထားရှိစောင့်ကြည့်မည်ဖြစ်သည်။

``လုံခြုံရေးတပ်ဖွဲ့ကိုလည်း ပြောစကားနားမထောင်ပဲ အတင်းဝင်လာချင်သူကို လေးခွ၊ ရာဘာကြည်နဲ့ပါ ပစ်ခွင့်ပေးထားပါတယ်။ ပြည်သူအားလုံးရဲ့ ကျန်းမာရေးအတွက်ကြောင့်ပါ။´´ဟု မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏ လူမှုကွန်ယက် Facebook တွင် ရေးသားထားသည် ။

ရောက်ရှိလာပါက အသင့်ဖြစ်စေရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်သည်။

စောင့်ကြည့်ကာလအတွင်း ရောက်ရှိလာမည့် ကျောင်းသားကျောင်းသူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် ကုတင်၊မွေ့ယာ၊ စောင်၊ ခြင်ထောင်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လှမ်းစင် များအပါအဝင် တစ်နေ့တာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ပြင်ပနှင့် အဆက်အသွယ်မပြတ်ရန်၊ မိသားစုများနှင့် ချိတ်ဆက်နိုင်ရန် မိုဘိုင်း SIM card များ ပေးထားမည်ဖြစ်သည်။ ထို့အပြင် Myanmar net ကုမ္ပဏီ က 50 Megabite free wifi ကို အခမဲ့ တပ်ဆင်လှူဒါန်းခြင်းနှင့် မြို့ခံများက လိုအပ်သည့်အရာများ လှူဒါန်းခြင်းများရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly