ဝူဟန်​မှ ပြန်လာမည့်ကျောင်းသားများကို နှစ်ပတ်အတွင်း ပြင်ပ ပုဂ္ဂိုလ်များနှင့် တွေ့ခွင့်မပြု

ဝူဟန်​မှ ပြန်လာမည့်ကျောင်းသားများကို နှစ်ပတ်အတွင်း ပြင်ပ ပုဂ္ဂိုလ်များနှင့် တွေ့ခွင့်မပြု

မန္တလေး၊ ဖေဖေါ်ဝါရီ ၁။       ။ တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ ဟူ​ပေပြည်​နယ်​၊ဝူဟန်​မြို့ တွင်​ ပညာ​တော်​ သင်​​​နေသည့်မြန်​မာနိုင်​ငံသား ကျောင်းသား ​ကျောင်းသူ (၆၃) ဦးတို့သည်​ ဝူဟန်​မြို့မှ ပြည်​ထောင်​စုသမ္မတမြန်​မာနိုင်​ငံ မန္တ​လေးမြို့သို့ ​ဖေ​ဖော်​ဝါရီလ(၂)ရက်​နေ့ ၂နာရီအချိန်​ခန့်တွင်​ ​ရောက်​ရှိလာမည်​ဖြစ်ပြီး ရောဂါစစ်ဆေးသည့် နှစ်ပတ်တာကာလအတွင်း ပြင်ပပုဂ္ဂိုလ်များ နှင့်ထိတွေ့ဆက်ဆံခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော်  ဝန်ဒေါက် တာရဲလွင်ထံကသိရသည်။

မန္တ​လေးမြို့​တော်​ဝန်​​ဒေါက်​တာရဲလွင်​မှလည်း ``ကန်တော်နဒီရောက်လာရင်လဲ မိမိအတွက်ချထားပေးတဲ့ အခန်း ထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်းစကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။ အထူး သဖြင့်မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဉ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။

အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ ရေနွေး မနက် နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့်အစွန်ဆုံး အခန်းကို အလွတ်ထား ပြီး စားပွဲတွေ ပေါ်တင်ပေး ထားမှာပါ။လာတင် မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲbell တီးမှသာ လာရောက် ယူခွင့်ရှိမှာပါ။Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန် ရှောင်ရန်ညွှန်ကြားချက်များကို လာ ကြိုတဲ့ ကားပေါ်မတက်ခင်ဖြန့်ဝေမှာဖြစ်သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။ ကျောင်းသားတွေကိုနှုတ်နဲ့ရှင်းပြရင်exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့အရေးပိုကြီးပါတယ်´´ဟု ၎င်း၏ လူမှုကွန်​ယက်​စာမျက်​နှာမှ တဆင့်အသိ​ပေး​ပြောကြားထားသည်​။

အဆိုပါ​ကျောင်းသား ​ကျောင်းသူများသည်​ မြန်​မာအမျိုးသား​လေ​ကြောင်းလိုင်း(MNA B737-800) ​လေယာဉ်​ပျံသန်​းခရီးစဉ်​အမှတ်​ UB-807ဖြင့် ဝူဟန်​မြို့အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​မှ ​ဖေ​ဖော်​ဝါရီလ၁ရက်​ ​ဒေသစံ​​တော်​ချိန်​ ည၁၁နာရီ၂၅မိနစ်​အချိန်​ ပြန်​လည်​ထွက်​ခွာလာမည်​ဖြစ်​ပြီး မြန်​မာနိုင်​ငံ၊မန္တ​လေးအပြည်​ပြည်​ဆိုင်​ ရာ​လေဆိပ်​(တံတားဦး)သို့ ​ဖေ​ဖော်​ဝါရီလ(၂)ရက်​​ ​ဒေသစံ​တော်​ချိန်​နံနက်​ ၁နာရီ၄၀မိနစ်​အချိန်​တွင်​ ဆိုက်​ ​ရောက်​ရန်​ လျာထား​ကြောင်း ​တရုတ်​နိုင်​ငံ၊​ပေကျင်း မြို့ရှိ မြန်မာသံရုံး၏ အသိ​ပေးအ​ကြောင်​းကြားစာအရ သိရသည်​။

ဝူဟန်​မြို့မှ မန္တ​လေးမြို့သို့ ​ရောက်​ရှိလာမည့် မြန်​မာ ပညာ​တော်​သင်​​ကျောင်းသား ​ကျောင်းသူများအား မန္တ​လေး မြို့၊ချမ်းမြသာစည်​မြို့နယ်​ရှိ ကန်​​တော်​နဒီအထူးသီး သန့်ကုသ​ဆေးရုံတွင်ထားကာ ၎င်းတို့အား ကိုရိုနာဗိုင်း ရပ်စ်ကူးစက်​ခံရခြင်းရှိ ၊ မရှိ အား ၁၄ရက်​ကြာ​စောင့်ကြည့်သွားမည်​ဖြစ်​​ကြောင်း၊ ၎င်းတို့၏ ​နေထို​င်​စား​သောက်​​ရေးကိစ္စအားလုံးကို ကျန်းမာ​ရေးဝန်​ကြီးဌာန၊မန္တ​လေးမြို့​တော်​ စည်​ပင်​သာ ယာ​ရေး​ကော်​မတီနှင့် အလှူရှင်​များ ပူ​ပေါင်း၍ အစစ အရာရာ တာဝန်​​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦးရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိနေပြီ ဖြစ်​​ကြောင်း၊ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသော နိုင်ငံပေါင်း၂၀ ကျော်ရှိ လာ ပြီဖြစ်​​ကြောင်း ၊ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲရာ ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီပိတ်မိလျှက်​ရှိကာ အမေရိကန်နိုင်ငံမှ ၎င်းတို့၏နိုင်​ငံသား၂ဝဝဦးနှင့် ဂျပန်နိုင်ငံမှ ၎င်းတို့၏ နိုင်​ငံသား ၄ဝဝဦးတို့ကိုလည်း ပြန်လည်ခေါ် ဆောင်သွားခဲ့ပြီးဖြစ်​ကြောင်း သိရသည်။

လက်​ရှိအချိန်​တွင်​ ပညာ​တော်​သင်​​ကျောင်းသား၊ ကျာင်းသူများအား ထားရှိမည့် ကန်​​တော်​နဒီအထူးသီးသန့်ကု​ဆေးရုံတည်​ရှိရာ​နေရာဝန်းကျင်​ရှိ မန္တလေးမြို့ ၆၂လမ်းသူနာပြုတက္ကသိုလ်ရှေ့၊ အထူးသီးသန့်ကုဆေးရုံ အပါ အဝင်ရှေ့မျက်နှာစာ ပလက်ဖောင်းအထိ တားမြစ်ဧရိယာအဖြစ်ဖေဖော်ဝါရီ ၁ရက်နံနက်ပိုင်းက သတ်မှတ်ထား​ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly