မြန်မာအပါအဝင် ၆ နိုင်ငံအား အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်

မြန်မာအပါအဝင် ၆ နိုင်ငံအား အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာ၊ အီရီထရီးယား၊ ကာဂျစ်စတန်၊ ဆူဒန်၊ တန်ဇန်းနီးယားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကို ရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာကန့်သတ်လိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဓိကအားဖြင့် ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာအမျိုးအစားကိုသာ ကန့်သတ်ခြင်းဖြစ်ပြီး အလည်အပတ်နှင့် စီးပွားရေးကိစ္စများအတွက် ပြည်ဝင်ခွင့်ဗီဇာ မပိတ်ပင်ထားကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အစိုးရအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး အမိမြေလုံခြုံရေးဌာန၏ စီမံချက်များအရ ပြီးပြည့်စုံပြီး စနစ်ကျသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုထုတ်ပြန်လိုက်သော နိုင်ငံများသည် လုံခြုံ ရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာဆောက်ရွက်နိုင်စွမ်းမရှိခြင်းနှင့် အမေရိကန်နိုင်ငံနှင့်ပြည်သူ့လုံခြုံရေးအတွက် သတင်းအချက်အလက် မျှဝေလိုသော ဆန္ဒမရှိခြင်းတို့ကြောင့် ပြည်ဝင်ခွင့် ကန့်သတ်ရခြင်းဖြစ် ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်လိုက်မှုအပေါ် American Civil Liberties Union (ACLU) က ထရမ့်၏ လူမျိုးရေးခွဲခြားမှုဝါဒနှင့် ဥပဒေကို မသိနားမလည်ခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း မိသားစုများ၏ နေထိုင်မှုစရိတ်၊ တက္ကသိုလ်ကျောင်းလခနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် စရိတ်စကများ အဆမတန် မြင့်မားနေကြောင်း ရှုတ်ချပြောဆိုခဲ့သည်။

ထရမ့်သည် ၎င်းသမ္မတတာဝန်ထမ်းဆောင်ပြီး တစ်ပတ်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံအပါအဝင်  မွတ်စလင်အများစုရှိသည့် အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများကိုလည်း  ပြည်ဝင်ခွင့်ဗီဇာပိတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly