ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလာပြီးနောက်ပိုင်းတွင် ကျောက်မျက်စျေးသို့ နိုင်ငံခြားဝင်ရောက်မှု ငါးပုံတစ်ပုံခန့်ကျ ဆင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလာပြီးနောက်ပိုင်းတွင် ကျောက်မျက်စျေးသို့ နိုင်ငံခြားဝင်ရောက်မှု ငါးပုံတစ်ပုံခန့်ကျ ဆင်း

ဇန်နဝါရီလ ၁။               ။ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တရုတ်နိုင်ငံနှင့် ပြည် ပနိုင်ငံ အချို့တွင်ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် နိုင်ငံခြားသားဝင်ရောက်မှုငါး ပုံတစ်ပုံခန့် ထိကျဆင်းသွားကြောင်း အဆိုပါစျေး အကျိုးတော်ဆောင်အဖွဲ့၊ ပြန်ကြား ရေးတာဝန်ခံ ဦကျော်ကျော်ဦးကပြောသည်။

ရောဂါဘာညာမရှိခင်ကတော့ ပုံမှန် တစ်ရက်ကို နိုင်ငံခြားသား တစ်ထောင်ပတ်ချာလည်လောက် ဝင်ထွက်မှုရှိတယ်၊ ခုကျတော့ အယောက်နှစ်ရာလောက်ပဲရှိတော့တယ်၊ ``ဟု ၎င်းကပြောသည်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် နိုင်ငံခြားသားဝင်ရောက်မှုကို ခေတ္တ ပိတ်ပင် ထားသည်ဟုသိရှိရသော်လည်း ကျောက်စိမ်းစျေးအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြား မှုမရှိခြင်း ကြောင့် စျေးအတွင်းနိုင်ငံခြားသားဝင်ရောက်မှုကို ပိတ်ပင်သွားရန်မရှိသေးကြောင်း၊ သို့သော်လိုအပ်လာလျှင် ဝင်၊ထွက် ဂိတ်များတွင် တာမိုစကင်(အပူချိန်တိုင်းတာစက်)တစ်ခုကိုဝယ်ယူကာ ကျန်းမာရေးဌာနနှင့် ပူး ပေါင်း ကာ စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။

 ပညာပေးမှုတွေကို လွန်ခဲ့တဲ့နှစ်ရက်လောက်ကလုပ်ပြီးဖြစ်ပါတယ်၊ Mask ဝေဖို့လည်း အစီအစဉ်ရှိပါတယ်၊ ဒီ ထက်နည်းနည်းလေးဆိုလာရင်တော့ စက်ဝယ်မယ်၊ အပေါက်ဝကနေပြီး ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး လာတဲ့ နိုင်ငံခြားသားတွေကို စစ်ဖို့စီစဉ်သွားမှာဖြစ်ပါတယ်၊``ဟု ၎င်းကဆက်လက်ပြောသည်။

ရောဂါပိုးနှင့်ပက်သက်ကာ ကျောက်မျက်စျေးအတွင်းရောင်းချသူများမှာ တရုတ်နှစ်သစ်ကူးကြောင့် ကျောက်ဝိုင်း သို့လာသော တရုတ်နိုင်ငံသားတော်တော်များများပြန်သွားခြင်း၊ လက်ရှိရောင်းဝယ်မှုပြုလုပ်နေသူများမှာ လည်း တရုတ်နိုင်ငံသို့ မပြန်သည့်သူများဖြစ်နေခြင်းကြောင့် စိုရိမ်မှုမရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required