နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုင်အာလိုကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုင်အာလိုကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်တဲ့ မန်ချက်စတာယူနိုက်တက်
Photos: EPA & Shanghai Shenhua FC

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းရှန်ဟွာအသင်းက ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အိုဒီယို အိုင်အာလိုကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် (၃၀) ရှိပြီဖြစ်တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ကို ခေါ်ယူစာချုပ်ရာမှာတော့ အိုထရက်ဖို့ဒ်အနေနဲ့ အပြီးသတ်ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။

လက်ရှိမှာ တရုတ်မှာပဲ ရှိနေသေးတဲ့ အိုင်အာလိုဟာ လာမယ့် ရက်အနည်းငယ်ကျမှ ယူကေကို လာရောက်ဖို့ရှိတယ်လို့ သိရပြီး သူဟာ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိ ဝက်ဖို့ဒ်အသင်းအတွက် (၉၉)ပွဲကစားကာ (၃၉)ဂိုးသွင်းယူခဲ့ပါတယ်။

"အိုဒီယိုက အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ပါ။"လို့ ယူနိုက်တက်မန်နေဂျာ ဆိုးလ်ရှားက ပြောပါတယ်။

"ကျနော်တို့နဲ့ ရှိနေတဲ့ တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ သူဟာ မတူညီတဲ့ အထောင်တိုက်စစ်မှူးပုံစံကို ပြသဖို့ လာပါလိမ့်မယ်။"

အိုင်အာလိုဟာ ၂၀၁၇ ခုနှစ်က တရုတ်စူပါလိဂ်မှာ ချန်ချွင်းယားထိုင်အသင်းကို ပထမဆုံးပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် နှစ်ရာသီအကြာမှာတော့ သူဟာ ရှန်ဟိုင်းရှန်ဟွာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၁၉)ပွဲမှာ (၁၀)ဂိုး သွင်းယူခဲ့ပါတယ်။

အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲမှာ သွင်းဂိုး (၇)ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ထားတဲ့ အိုင်အာလိုကို တခြားသော ပရီးမီးယားလိဂ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပေမယ့် သူဟာ ယူနိုက်တက်အတွက်ပဲ ကစားပေးလိုခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်တုန်းက မိုနာကိုအသင်းကနေ ဖယ်လ်ကာအိုကို ယူနိုက်တက်က အငှားနဲ့ ခေါ်ယူပြီးနောက်ပိုင်း သူဟာ ယူနိုက်တက်ရဲ့ ပထမဆုံးအကြိမ် အငှားနဲ့ ခေါ်ယူတဲ့ သက်ကြီးကစားသမားတစ်ယောက်ဖြစ်လာပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly