ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….

ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပထမ ၃ လကထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ၄ လ ကနေ ၆ လအရွယ် ဘေဘီလေး အနေနဲ့

ကိုယ်အလေးချိန်က – တစ်လကို ၁ ပေါင်ကျော်ကျော်လောက်တက်ရမှာဖြစ်ပြီး ၄ လ ကနေ ၅ လအတွင်းမှာတော့ ဒီထက် ၂ ဆတက်ရပါမယ်။

အရပ်အမြင့် က – တစ်လကို လက်မဝက် ဒါမှမဟုတ် ၁ လက်မလောက်တက်လာရပါမယ်။

ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်လောက် လုံးပတ်တက်လာရပါမယ်။
ဘေဘီလေးက ဒီအရွယ်မှာ ဘာတွေလုပ်တတ်ပြီလဲ…………..

ဘေဘီလေးက ဒီအရွယ်မှာ အရင်ကထက် ပိုပြီးသန်မာလာပြီဖြစ်သလို လုပ်ချင်တာတွေကလည်း များလာပါပြီ။ အရင်ကထက်လည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်မှာ စိုက်ထူမယ့် milestone တွေက အရင်ကထက် ပိုများလာပါပြီ။

  • • အလိုလျောက်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေ လုံးဝကိုမရှိတော့ဘူး
  • • ခေါင်းကို ကောင်းကောင်းထိန်းတတ်ပြီ
  • • အကူအညီနဲ့ ထိုင်တတ်ပြီ
  • • မတ်တတ်စမ်းဖို့စကြိုးစားပါပြီ
  • • လက်တစ်ဖက်က ပစ္စည်းကို လက်တစ်ဖက်စီ စပြောင်းတတ်ပြီ
  • • ခြေထောက်လေးတွေကို ပက်လက်နေရင်း ကိုင်တတ်ပြီ
  • • ဝမ်းလျားမှောက်ပြီ
  • • သွားရည်တွေစကျလာပြီ (သွားစပေါက်တော့မယ်ဆိုတဲ့ သဘောပါ)
  • • တစ်နေ့တာမှာ တစ်ခါအိပ်ရင် ၂ နာရီ ကနေ ၃ နာရီလောက်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအိပ်မယ်
  • • ညဘက်ကို ၆ နာရီ ကနေ ၈ နာရီလောက်အထိအိပ်မယ်
  • • အရောင်တွေ အားလုံးကို မြင်ရပြီ
  • • ခပ်လှမ်းလှမ်းက ပစ္စည်းတွေကို မြင်တတ်လာပြီ။
  • ဘေဘီလေး ဘာတွေပြောတတ်ပြီလဲ…….

ဘေဘီလေးတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ စောင့်ကြည့်နေရတဲ့ မေမေဖေဖေတို့လည်း အံ့သြခြင်းများစွာနဲ့ပါ။

  • • စကားလုံးတွေမပီသသေးပေမယ့် စကားစပြောနေပါပြီ
  • • အသံလေးတွေ တီတီတာတာလုပ်တတ်ပြီ
  • • ၆ လလောက်ရောက်လာတဲ့အခါ ဖေ။ မေ စတဲ့စကားလုံးလေးတွေကို ထွက်တတ်လာပြီ
  • • ရယ်တတ်ပြီ
  • • အသံထွက်ပြီးရယ်တတ်ပြီ။ အသံတော်တော်များများကို လုပ်တတ်လာပြီ
  • • စပျစ်သီးလေးတွေကို စပစ်တတ်လာပြီ။
  • ဘေဘီလေးက ဘာတွေနားလည်နေပြီလဲ……….

သူ့အနီးအနားက လူတွေနဲ့ အရာဝတ္ထုတွေကို အာရုံစိုက်တတ်ပါပြီ။ အပြန်အလှန်ဆက်သွယ်မှုတွေလုပ်တတ်လာပြီ။ ဒါတွေအပြင်

  •     မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးသူတွေကို သတိထားမိတတ်ပြီ၊ အရာဝတ္ထုတွေကို သိလာပြီ
  •     ချီခိုင်းတတ်ပြီ
  •     အရာဝတ္ထုတွေကို စမှတ်သားတတ်ပြီ
  •     သူချစ်တဲ့သူတွေ သူ့ကိုမခေါ်ဘဲထားတာကို မကြီုက်ကြောင်း ပြသတတ်ပြီ
  •     မလုပ်ရဘူးဆိုတဲ့ စကားလုံးကို နားလည်စပြုပြီ
  •     အကြောင်းအကျိုးကို နည်းနည်း နားလည်လာပြီ

ဖေဖေမေမေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ…………

ဒီအရွယ်မှာ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဖွံ့ဖြိုးလာစေဖို့

  • • ဘေဘီလေးကို စကားခဏခဏပြောပေးပါ
  • • ခဏခဏ ပြုံးပြပါ
  • • အတူတူရယ်မောပေးပါ
  • • ထမင်းကျွေးတဲ့အခါ၊ အဝတ်အစားလဲပေးတဲ့အခါ၊ သေးခံလဲပေးတဲ့အခါမျိုးမှာဖြစ်ဖြစ် ရေချိုးပေးချိန်မှာဖြစ်ဖြစ် စကားပြောပေးပါ
  • • နေ့တိုင်း အချိန်ပေးပြီး ကလေးနဲ့ အတူတူကစားပေးပါ
  • • ကလေးနဲ့အတူတူ စည်းချက်ညီညီ ကပေးပါ
  • • အခြားရွယ်တူ ကလေးငယ်တွေနဲ့ မိတ်ဆက်ပေးပါ
  • • အရုပ်လေးတွေနဲ့ ပေးကစားပါ
  • • ရယ်မောစေမယ့်အရာတွေအ တူတူလုပ်ရင်း ရယ်မောပါ။ ကျီးဖြူကျီးမဲ ကစားပေးတာမျိုးပေါ့။
  • • ရုပ်ပုံကားချပ်လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတာတွေကို ပြသပေးပါ
  • • စာအုပ်ဖတ်ပြပါ။ ပုံပြင်ဖက်ပြပါ။
  • • မှန်ကြည့်ခိုင်းပါ။ မှန်က ရုပ်ပုံပေါ်တယ်ဆိုတာကို သိအောင်လုပ်ပေးပါ
  • • မမြင်ဖူးတာတွေကို မြင်တွေ့နိုင်စေဖို့ ကလေးကို အပြင်ခေါ်သွားပါ
  • • ကလေးကို အိပ်ရာကနိုးတိုင်း ပွေ့ချီပေးပါ
  • • ကလေးကို ကြင်ကြင်နာနာထွေးပွေ့ပါ
  • • ကလေးဝမ်းနည်းနေတဲ့အခါချော့ပါ
  • • သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly