ပြည်ကြီးမဏ္ဍိုင်နယ်မြေ မီးသတ် စခန်းတွင် ခိုက်ရန်ဖြစ်ပွားမှု တစ်ဦးသေဆုံး

ပြည်ကြီးမဏ္ဍိုင်နယ်မြေ မီးသတ် စခန်းတွင် ခိုက်ရန်ဖြစ်ပွားမှု တစ်ဦးသေဆုံး

ဘုတ်ပြင်း၊ ဇန်နာဝါရီ(၃၀)။              ။ ကော့သောင်းခရိုင်ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် နယ်မြေ မီးသတ် စခန်းတွင် ဇန်နာဝါရီလ ၂၉ ရက်နေ့ညပိုင်းက မီးသတ် တပ်သားနှစ် ဦး စကားများ ခိုက်ရန် ဖြစ်ပွားရာမှ ဓါးခုတ်မှုဖြစ်ပွားကာ တစ်ဦး သေဆုံးခဲ့ကြောင်း ယင်း မီးသတ် စခန်း ဌာနထံမှ သိရ သည်။

 သေဆုံးသူမျာတပ်ကြပ်စစ်ပိုင်ဦးဖြစ်ပြီး ယာလက်လက်သူကြွယ်နှင့် လက်သန်းတို့ပြတ်ကာ လည်ဂုတ်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာများ ပြင်းထန်စွာရရှိကာ ၊ ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံသို့  တင်ပို့စဉ် သေဆုံး သွားခဲ့သည်ဟု ဆိုသည်။

ပြည်ကြီးမဏ္ဍိုင် နယ်မြေမီးသတ် စခန်းမှ လက်ထောက် ဦးစီးမှူး ဦးအောင်ကိုလတ်က“သေသွားတဲ့ သူတစ်ယောက်က မီးသတ်မှာ ဂီတာ တီးနေတာ ဖြစ်တယ်၊ ဓါးနဲ့ လာခုတ်တဲ့ သူက အပြင်က နေပြီး၊ ထမင်းသွားစားရာမှ အပြန် အသင့် ပါလာသော ဓါးနဲ့ လာခုတ်သွားတာ ဖြစ်တယ်”ဟု ပြောဆို သည်။

အဆိုပါအခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍  ဒုတပ်ကြပ် သက်နိုင်ဦးအား ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ) ရဲစခန်း၏ (ပ)၈/၂၀၂၀၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly