ရဲစခန်းထဲ ဝင်လာပြီး နှာခေါင်းစည်းတွေ ထားကာ ပြန်ထွက်သွားတဲ့ တရုတ်အမျိုးသား

ရဲစခန်းထဲ ဝင်လာပြီး နှာခေါင်းစည်းတွေ ထားကာ ပြန်ထွက်သွားတဲ့ တရုတ်အမျိုးသား

ဇန်နဝါရီ ။         ။ အကျပ်အတည်း ဒုက္ခတွေနဲ့ ကြုံရချိန်မျိုးမှာ ကြင်နာဂရုဏာစိတ်မျိုးက ပေါ်လာတတ်ပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေပြီး လက်ရှိမှာလည်း သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူ အရေအတွက် မြင့်တက်နေလို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ဒီလိုအချိန်ကာလမှာ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးရဲ့ စိတ်ကောင်း စေတနာ ရှိတဲ့၊ လူအချင်းချင်းအကြား သနားဂရုဏာစိတ်ထားတတ်တဲ့ လုပ်ဆောင်ချက်တစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။

အွန်လိုင်းပေါ် ရောက်လာတဲ့ ခု ဗီဒီယိုထဲမှာတော့ တရုတ် အမျိုးသားတစ်ယောက်ဟာ ရဲစခန်းတစ်ခုကို နှာခေါင်းစည်း (mask) အခု ၅၀၀ ယူလာပေးခဲ့ပါတယ်။

ဒီ အမျိုးသားဟာ ရဲစခန်းထဲ ဝင်လာပြီး သူ သယ်လာတဲ့ နှာခေါင်းစည်းတွေပါတဲ့ ဘူးတွေကို ဧည့်ကြိုကောင်တာပေါ် တင်ကာ ချက်ချင်းပဲ ပြန်လှည့်သွားခဲ့ပါတယ်။ ၎င်းဟာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆို လက်ပြပြီး သုတ်သီးသုတ်ပြာနဲ့ပဲ စခန်းထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။

၎င်းဟာ ချက်ချင်းပဲ ပြန်ထွက်သွားတဲ့အတွက် ရဲတွေခမျာလည်း ၎င်းကို ကျေးဇူးတင်စကားပြောဖို့တောင် မမှီလိုက်ရှာပါဘူး။ အဲဒီလိုနဲ့ပဲ ရဲတွေဟာ ၎င်းတို့အတွက် ကျန်းမာရေးအကာအကွယ် နှာခေါင်းစည်းတွေ လာပေးသွားရှာတဲ့ အမျိုးသားကို အလေးပြုခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်အရှေ့ပိုင်းက Anhui ပြည်နယ်ထဲမှာ ဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။

ခုလိုမျိုး ရဲစခန်းကို လာပြီး ရဲတွေအတွက် နှာခေါင်းစည်းလာပို့ပေးသွားရှာတဲ့ တရုတ်အမျိုးသားရဲ့ လုပ်ရပ်က တရုတ်မှာ အွန်လိုင်းသုံးသူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီ အမျိုးသားရဲ့ လုပ်ရပ်က ယင်းနိုင်ငံမှာ နှာခေါင်းစည်းတွေကို မတန်မဆ စျေးတင် အမြတ်ရှာနေသူတွေကိုလည်း အရှက်ရစေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly