ယူနိုက်တက် အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်ရဲ့ နေအိမ်ကို မီးရှုးမီးတောက်များနဲ့ တိုက်ခိုက်ခံရ

ယူနိုက်တက် အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်ရဲ့ နေအိမ်ကို မီးရှုးမီးတောက်များနဲ့ တိုက်ခိုက်ခံရ

ချက်ရှိုင်းယားမှာရှိတဲ့ မန်ချက်စတာယူနိုက်တက် အမှုဆောင်ချုပ် ဒု-ဥက္ကဌ အက်ဝုဒ်ဝက်ဒ်ရဲ့ နေအိမ်ကို အင်္ဂါနေ့ညနေပိုင်းက အုပ်စုတစ်စုက တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လူတစ်ယောက်ဟာ ဝုဒ်ဝက်ဒ်ရဲ့ နေအိမ်ရှေ့ကနေ အိမ်ထဲကို မီးရှုးနဲ့ ပစ်ပေါက်ခဲ့ချိန်မှာ တခြားသူတွေက အသက် (၄၈)နှစ်အရွယ် အမှုဆောင်ချုပ်ကို သေဆုံးဖို့အထိ ရည်ရွယ်တဲ့ သံပြိုင်ဟစ်ကြွေးတာကို မြင်တွေ့ရပါတယ်။

အဲဒီဖြစ်ပွားချိန်မှာ ဝုဒ်ဝက်ဒ်နဲ့ မိသားစုတွေကတော့ နေအိမ်မှာ မရှိဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ရာဇဝတ်မှု သို့မဟုတ် ပြစ်မှုကျူးလွန်သူ ဘယ်သူမဆို တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်လိမ့်မယ်လို့ ပြောပါတယ်။

"ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်ကို ဖော်ပြတာက တစ်မျိုးဖြစ်ပြီး ပြစ်မှုဆိုင်ရာ ပျက်စီးဆုံးရှုံးစေမှုနဲ့ အသက်ကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်က နောက်တစ်မျိုးတစ်စားဖြစ်တယ်။ ဒီအတွက် ခွင့်လွှတ်ပေးစရာ အကြောင်းမရှိဘူး။"လို့ ကလပ်အသင်း ကြေညာချက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"မလိုလားအပ်တဲ့ တိုက်ခိုက်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ မန်ချက်စတာရဲတပ်ဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းပြီးလုပ်ဆောင်နေတာဖြစ်လို့ ဘောလုံးလောကအနေနဲ့ ကျနော်တို့နောက်မှာ ပူးပေါင်းမယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။"

ယူနိုက်တက်မှာ မကြာသေးခင် ရက်သတ္တပတ်များက ပရိသတ်တွေဟာ ဝုဒ်ဝက်ဒ်အပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ဦးဆောင်သူ လီဗာပူးလ်ရဲ့နောက် (၃၃)မှတ်အကွာ အဆင့် (၅)နေရာမှာ ရပ်တည်နေပြီး ဝုဒ်ဝက်ဒ်ကို ပရိသတ်အများအပြားက အပြစ်ပုံချကြပါတယ််။

မကြာသေးခင်က ဘန်လေနဲ့ အိမ်ကွင်းပွဲစဉ်နဲ့ ထရန်းမဲရ်အသင်းကို အနိုင်ရတဲ့ တနင်္ဂနွေနေ့ရဲ့ အက်ဖ်အေဖလားပွဲစဉ် နှစ်ပွဲလုံးမှာလည်း ယူနိုက်တက်ပရိသတ်တွေဟာ ကလပ်ပိုင်ရှင် ဂလေဇာမိသားစုနဲ့ အက်ဝုဒ်တို့ကို အလိုမရှိဘဲ မုန်းတီးနေကြောင်း၊ အသင်းကနေ ထွက်ခွာပေးဖို့ စာတန်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ယူနိုက်တက်တို့ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဗုဒ္ဓဟူးနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ကစားရမှာဖြစ်ပြီး ပထမအကျော့က အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly