တရုတ်နိုင်ငံသို့ သွားရောက်ခြင်း မရှိဘဲ ဂျပန်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

တရုတ်နိုင်ငံသို့ သွားရောက်ခြင်း မရှိဘဲ ဂျပန်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Photos: AFP

တိုကျို၊ ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ အလည်အပတ် ရောက်လာသည့် ခရီးသည်များကို ကားမောင်း ပို့ဆောင်ပေးခဲ့သူ ဂျပန်နိုင်ငံသားသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရပြီး ဂျပန်နိုင်ငံတွင် ပထမဆုံး လူအချင်းချင်း ကူးစက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာစီရင်စုမှ အသက် ၆၀ အရွယ်ရှိ ဘတ်စ်ကားမောင်းသူ ဂျပန်အမျိုးသား တစ်ဦး သည် ဇန်နဝါရီလ အစောပိုင်းက ဝူဟန်မှလာသည့် ခရီးသည် နှစ်ဖွဲ့ကို ကားမောင်း ပို့ပေးခဲ့ပြီးနောက် တုပ်ကွေး ကဲ့သို့ ရောဂါလက္ခဏာ ပြနေလာခြင်းကြောင့် ဇန်နဝါရီ ၂၅ ရက်တွင် ဆေးရုံတက်ခဲ့ရကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်အထိ ဂျပန်နိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးအထိရှိပြီး ယခုတစ်ယောက်မှာ ဝူဟန်သို့ သွားခဲ့ခြင်းမရှိဘဲ ထိုဒေသမှ ဧည့်သည်များကို နှစ်ကြိမ်တိုင်တိုင် ကားမောင်း လိုက်ပို့ပေးခဲ့သူသာ ဖြစ်ကြောင်း၊ ဝူဟန်သို့ မသွားခဲ့ကြောင်းမှန်ပါက ထိုဧည့်သည်များထံမှ ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

တခြား ကူးစက်ခံရသူများမှာ ဝူဟန်သို့ သွားရောက်ခဲ့သည့် လူများဖြစ်ကြောင်း သိရသည်။

ဂျပန်သည် တရုတ်မှ ပြန်လည် ရောက်ရှိလာသည့် ခရီးသွားများကို ရောဂါ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိပြီး ဇန်နဝါရီ ၂၈ ရက် ညတွင် ဝူဟန်မြို ့သို့ ရောက်ရှိနေသော ဂျပန်နိုင်ငံသားများကို ဘေးကင်းရာ ပြောင်းရွေ့ ပေးရေးအတွက် လေယာဉ်စေလွှတ်ရန် စီစဉ်လျက်ရှိသည်။

နေရပ် ပြန်လာခွင့် တောင်းထားသူ ၆၅၀ အနက် ဂျပန်နိုင်ငံသား ၂၀၀ ခန့်ကို ပြန်ခေါ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly