အမေရိကန် စစ်ဘက်လေယာဉ်တစ်စင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့၏ နယ်မြေထဲ ပျက်ကျ

အမေရိကန် စစ်ဘက်လေယာဉ်တစ်စင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့၏ နယ်မြေထဲ ပျက်ကျ

ဇန်နဝါရီ ၂၈ ။          ။ အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့၏ နယ်မြေထဲ ဇန်နဝါရီ ၂၇ ရက်က အမေရိကန်စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း ပင်တဂွန်ဌာနချုပ်က အတည်ပြုသည်။

အဆိုပါ အမေရိကန်လေယာဉ်ကို မိမိတို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း တာလီဘန်တို့က ကနဦး ထုတ်ပြန်ခဲ့ပြီး အမေရိကန်ဘက်ကမူ ယင်း ပြောဆိုချက်ကို ပယ်ချထားသည်။

ယင်းလေယာဉ်သည် အာဖဂန်နစ္စတန် အရှေ့ပိုင်း တောင်ကုန်းထူထပ်ရာ နယ်မြေတစ်ခုတွင် ပျက်ကျသွားခြင်းဖြစ်သည်။

ယခု အာဖဂန်တွင် ပျက်ကျသွားသည့် လေယာဉ်သည် ယင်းဒေသတွင်း တပ်ဖွဲ့ဝင်များ အချင်းချင်းအကြား ဆက်သွယ်ခြင်းနှင့် ထောက်လှမ်းခြင်း တို့အတွက် အသုံးပြုသည့် E-11A လေယာဉ်အမျိုးအစားဖြစ်ကြောင်း အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂက်က ပြောသည်။

အဆိုပါ ပျက်ကျလေယာဉ်တွင် လူမည်မျှ လိုက်ပါသွားသည် ဆိုသည်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ထုတ်ပြန်ခြင်း မရှိပေ။

“ ဒီ လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို ခုချိန်မှာ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်၊ ဒါပေမယ့် ရန်သူ လက်ချက်ကြောင့် ပျက်ကျတာတော့ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီး ဆန်နီ လက်ဂက်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly