ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော ဝူဟန်မြို့သို့ တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက်ကြီးကြပ်ခဲ့

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော ဝူဟန်မြို့သို့ တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက်ကြီးကြပ်ခဲ့

ဇန်နဝါရီ ၂၈။               ။ လူသေဆုံးမှုများပြားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည့် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့သို့ ဇန်နဝါရီ ၂၇ ရက်က တရုတ်ဝန်ကြီးချုပ် လီခချန် ကိုယ်တိုင် သွားရောက်ပြီး ကြီးကြပ်ကွပ်ကဲ ခဲ့ကြောင်းသိရသည်။

လူဦးရေ ၁၁ သန်း ခန့်ရှိ ဝူဟန်မြို့သည် ပြီးခဲ့သည့်လက ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ မြို့လည်း ဖြစ်ပြီး လက်ရှိအချိန်တွင် ရောဂါထိန်းချုပ်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေရလျက် ရှိရာ ယမန်နေ့က တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင် ရောက်ရှိလာပြီး လမ်းညွန်ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်တွင် သေဆုံးသူဦးရေသည် ၁၀၆ ဦးအထိ ရှိသွားပြီဖြစ်ပြီး ရောဂါပိုးကူးစက်ခံထားရသူ ဦးရေသည်လည်း ၄,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

ယင်းဗိုင်းရပ်စ်ပိုးသည် တရုတ်အပြင် အခြားသော နိုင်ငံ အများအပြားသို့လည်း ကူးစက်ထားခဲ့ပြီး ဖြစ်ကာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly