ဝူဟန်မြို့မှ မြန်မာကျောင်းသားများကို ပြန်လည်ခေါ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်သည်များကို စီစဉ်ထားရှိပြီးဖြစ်ကြောင်းပြော

27 January 2020
ဝူဟန်မြို့မှ မြန်မာကျောင်းသားများကို ပြန်လည်ခေါ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်သည်များကို စီစဉ်ထားရှိပြီးဖြစ်ကြောင်းပြော

တရုတ်နိုင်ငံ ဝူဟန်မြို့မှ “ဒီကျောင်းသား ၆ဝ မြန်မာနိုင်ငံ၊ မန္တလေးဝင်လာပြီဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။ ဒါနဲ့ပတ်သက်လို့ အမတို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက စီမံဆောင်ရွက်မှုတွေ လုပ်ထားပြီးဖြစ်ပါတယ်။ သူတို့ပြန်လာလို့ရှိရင် ဘယ်လိုကျန်းမာရေးစစ်ဆေးမယ်။ ကျန်းမာရေးစစ်ဆေးပြီးလို့ သံသယလူနာတွေ့ရင် သံသယလူနာကုသမှုလုပ်မယ်။ သံသယလူနာမတွေ့ဘူးဆိုရင် လိုအပ်တဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့လည်း အစီအမံတွေ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ မကြာခင်ထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မဇ္စျိမကို ပြောသည်။

တည်းဖြတ်/တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly