ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို သပိတ်မှောက်ရန် ကမ္ဘာသို့ ပါလက်စတိုင်း ဝန်ကြီးချုပ် တိုက်တွန်း

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို သပိတ်မှောက်ရန် ကမ္ဘာသို့ ပါလက်စတိုင်း ဝန်ကြီးချုပ် တိုက်တွန်း

ဇန်နဝါရီ ၂၇  ။                     ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်သည် အစ္စရေးဖက် ဘက်လိုက်ထားသည်ဟု ပါလက်စတိုင်းတို့က ရှုမြင်ထားလျက် ဇန်နဝါရီ ၂၇ ရက်တွင် ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမတ်ရှာတေယက်ရှ် နိုင်ငံတကာအနေဖြင့် သပိတ်မှောက်ကန့်ကွက်ရန် ဆော်ဩတိုက်တွန်းသည်။

“ဒီ ငြိမ်းချမ်းရေး အစီအစဉ်ဆိုတာဟာ ထရမ့်ကို ၎င်း ရင်ဆိုင်နေရတဲ့ ရာထူးက ဖယ်ရှားရေး ပြစ်တင် စွဲဆိုချက်ကနေ အကာအကွယ် ရအောင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ထောင်မကျအောင် အကာအကွယ်ပေးတဲ့ အစီအစဉ်တစ်ရပ်ပဲ။ ဘာမှ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ် မဟုတ်ဘူး။”ဟု ကက်ဘိနက်အစည်းအဝေးတွင် ဝန်ကြီးချုပ် ရှာတေယက်ရှက်က ပြောသည်။

“ပါလက်စတိုင်း ပိုင်နယ်နယ်မြေတွေကို အစ္စရေးအချုပ်အခြာအောက် တွန်းပို့မယ့် အစီအစဉ်ပဲ။”ဟု ၎င်းက ဆိုသည်။
သမ္မတ ထရမ့်အနေဖြင့် ဝါရှင်တန်တွင် နေတန်ယာဟုနှင့် ၎င်း၏ နိုင်ငံရေးပြိုင်ဖက် ဘန်နီဂျန့်ဇ်တို့ကြား ရှေ့မတိုး နောက်မဆုတ်သာ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းပေးပြီးနောက် အရှေ့အလယ်ပိုင်းအတွက် ၎င်း၏ ငြိမ်းချမ်းရေး အစီအစဉ်ကို ထုတ်ပြန်သွားရန် ရှိသည်။

ထရမ့်အနေဖြင့် ရာထူးမှ ဖယ်ရှားရန် အပြစ်ရှိကြောင်း ဆီးနိတ်တွင် တရားရင်ဆိုင်နေရဆဲ အချိန်နှင့် နေတန်ယာဟုမှာလည်း အကျင့်ပျက်ခြစားမှုမှု စွဲချက်များနှင့် ရင်ဆိုင်နေရကာ ဘန်နီဂျန့်ဇ်က လာမည့် လ ရွေးကောက်ပွဲ၌ ဘန်နီဂျန့်ဇ်က အနိုင်ရရန် မျှော်လင့်ချက် သန်းနေစဉ် ယခု ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ရန် လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly