အမေရိကန်နှင့် ကိုလံဘီယာတို့ လေထီးခုန်လေ့ကျင့်မှု ပူးတွဲလုပ်ဆောင်

27 January 2020
အမေရိကန်နှင့် ကိုလံဘီယာတို့ လေထီးခုန်လေ့ကျင့်မှု ပူးတွဲလုပ်ဆောင်

အမေရိကန်နှင့် ကိုလံဘီယာတို့၏ ပူးတွဲလေထီးခုန်လေ့ကျင့်မှုတစ်ခုကို ဇန်နဝါရီ ၂၆ ရက်က ကိုလံဘီယာနိုင်ငံတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။လက်ရှိကာလတွင် ဗင်နီဇွဲလားရှိ သမ္မတ နီကိုလပ်စ် မာဒူရိုအစိုးရအပေါ် ဆန့်ကျင်ပြီး သံတမန်ရေးဆိုင်ရာ ဖိအားပေးရန် ရည်ရွယ်ကာ အမေရိကန်နှင့် ကိုလံဘီယာတို့အကြား မဟာမိတ် ထူထောင်ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှု အန္တရာယ်များအပေါ် ပူးပေါင်းရင်ဆိုင်သွားရေး မူဘောင်အရ ယမန်နေ့က အမေရိကန်နှင့် ကိုလံဘီယာ အထူးတပ်ဖွဲ့ဝင်များက အဆိုပါ လေထီးခုန် အထူးလေ့ကျင့်မှုတစ်ခုကို ပူးတွဲလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
သတင်းအပြည့်အစုံ  -  http://www.mizzimaburmese.com/article/66319
တင်ဆက်  - ဆက်ဝေယံနိုင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly