တူရကီငလျင်ကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိလာ

တူရကီငလျင်ကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိလာ

ဇန်နဝါရီ ၂၇ ။                 ။   တူရကီတွင် ဇန်နဝါရီ ၂၄ ရက်က ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုတ်ခတ်ခဲ့မှုကြောင့် ယခုအခါ သေဆုံးသူဦးရေသည် ၃၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း  သိ ရသည်။ဇန်နဝါရီ ၂၇ ရက်အထိ   အပျက်အစီးပုံများအောက်မှ ၄၅ ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် ၁၄ ဦးရှိနေနိုင်သေးကြောင်း ဒေသရုပ်မြင်သံကြားဌာန NTV က ဆိုသည်။

တူရကီသဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူပေါင်း တစ်ထောင်ကျော်ရှိကာ ၈၆ ယောက်ကို ဆေးရုံတင်ထားရပြီး ၁၈ ယောက်ကိုမူ အထူးကြပ်မတ်ကုသနေရကြောင်းသိရသည်။

သေဆုံးသူများမှာ အယ်လာဇစ်ပြည်နယ်နှင့် မာလာတီယာပြည်နယ်တို့မှဖြစ်ပြီး  ကယ်ဆယ်ရေးလုပ်သား ၄၀၀၀ နီးပါးက ပြိုကျသွားသည့်အဆောက်အအုံများအောက်တွင်ပိတ်မိနေသူများကို ထပ်မံရှာဖွေလျက်ရှိသည်။

ငလျင်သည် ကမ္ဘာလှည့်ခရီးသည်များဖြင့် အထူးစည်ကားသည့် လူဦးရေ ၄၀၀၀ ခန့်နေထိုင်သည့် တူရကီအရှေ့ပိုင်း အယ်လာဇစ်ပြည်နယ် ဆစ်ဗရစ်မြို့ကို ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် အယ်လာဇစ်နှင့် မာလာတီယာပြည်နယ်တို့တွင် အကြီးအကျယ်ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အဆောက်အအုံပေါင်း ၈၀ နီးပါး ပြိုကျပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly