တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်

   ဝူဟန်၊ ဇန်နဝါရီ ၂၇။               ။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (2019-nCoV) ပျံ့နှံ့နေမှုကြောင့် မြို့အဝင်အထွက်များကိုပိတ်ကာ ရောဂါကူးစက်ခံရသူများကို ရောဂါခြေချုပ်ဖြင့် သီးသန့်ထားရှိနေသည့်ကြားကပင် သေ ဆုံးသူဦးရေသည် ဇန်နဝါရီ ၂၇ ရက် မနက်အစောပိုင်းအထိ အနည်းဆုံး ၈၀ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များကပြောသည်။

ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့သည့် ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီပိတ်မိနေပြီး အမေရိကန်နှင့် ပြင်သစ်တို့သည် ၎င်းတို့၏နိုင်ငံသားများကို လေယာဉ်ဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ တနင်္လာနေ့အစောပိုင်းထုတ်ပြန်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇၄၄ ဦးကို ကူးစက်ခဲ့ပြီး ကူးစက်ခံရသည်ဟု သံသယရှိသူ ၆၀၀၀ နီးပါးရှိကာ ၃၀၀၀၀ ကျော်ကိုလည်း ဆေးစစ်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌ Ma Xiaowei က ကိုရိုနာဗိုင်းရပ်စ်ပိုး၏ ရှင်သန်ပေါက်ပွားနိုင်စွမ်းသည် ခန့်မှန်းခြေ ၁၀ ရက်ဝန်းကျင်ခန့်ရှိနိုင်ပြီး အနည်းဆုံး တစ်ရက်နှင့် အများဆုံး ၁၄ ရက်ဖြစ်နိုင်ကြောင်း၊ SARS ရော ဂါနှင့်မတူကြောင်း ပြောသည်။

ရောဂါထိန်းချုပ်ရေးအေဂျင်စီမှ အကြီးအကဲ Gao Fu က ယခု ကိုရိုနာဗိုင်းရပ်စ်ပိုးသည် SARS ရောဂါလောက် မပြင်းထန်ဟု ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများက ထို့ထက်ပင်ပိုဆိုးနိုင်ကြောင်း သတိပေးခဲ့ကြသည်။

လူအသွားအလာလျော့ကျစေရန်အတွက် တရုတ်နှစ်သစ်ကူးအားလပ်ရက်နှင့်ကျောင်းပိတ်ရက်များကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ထပ်တိုးထားရန် အစိုးရက ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly