Prince & Princess International 2016 ပြိုင်ပွဲ အတွက် Style Plus H သင်တန်းကျောင်းတွင် နိုဝင်ဘာလ မှစတင်ကာ လျှောက်ထားနိုင်ပြီ

Prince & Princess International 2016 ပြိုင်ပွဲ အတွက် Style Plus H သင်တန်းကျောင်းတွင် နိုဝင်ဘာလ မှစတင်ကာ လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၈ ။          ။ ၁၆ ကြိမ်မြောက် ကျင်းပမည့် Prince & Princess International 2016 ပြိုင်ပွဲ အတွက် စိတ်ပါဝင် စားသည့် သူများ Style Plus H သင်တန်းကျောင်းတွင် နိုဝင်ဘာလမှ စတင်ကာ လျှောက်ထား နိုင်ပြီဟု Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

စင်္ကာပူနိုင်ငံတွင် ၁၅ကြိမ်မြောက် ကျင်းပခဲ့သည့် Prince & Princess International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ရန် Style Plus H သင်တန်းကျောင်းမှ အလှမောင်မယ်များကို ရွေးချယ်ပြီး စေလွှတ်ခဲ့သည်။

Prince & Princess International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Mini Miss Myanmar 2015 အသက် ၄နှစ်ခွဲ ရှိသည့် ချစ်ချစ်တုန် ၊ Little Miss Myanmar 2015 ရှင်းသန့်ဖြူစင်၊ Little Mister Myanmar 2015 ဇွဲသူရိန်၊ Junior Mister Myanmar 2015 လရောင်လင်း ခေါ် Thomas Tun ၊ Miss Teen Myanmar 2015 မေနန္ဒာကျော် ၊ Mr. Teen Myanmar ဟိန်းမင်းသူတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

Mr. Teen Myanmar ဟိန်းမင်းသူ က Best Introduction ဆု ၊ Miss Teen Myanmar မေနန္ဒာကျော်မှ Best Party Wear ဆု၊ Little Miss Myanmar ရှင်းသန့်ဖြူစင်က Best Portfolio ဆု၊ Little Mister Myanmar 2015 ဇွဲသူရိန် က Junior Prince International ဆု၊ Junior Mister Myanmar 2015 လရောင် လင်း (ခေါ်) Thomas Tun မှ Best Pajamas ဆု၊ Mini Miss Myanmar ချစ်ချစ်တုန်မှ Asia Pacific Child Super Model for Swim wear 2015 ဆု အပြင် Talent Show တွင် မြန်မာအက၊ စက်ရုပ်အကကို အင်္ဂလိပ် သီချင်းပေါင်းပြီး (၃)မျိုးစပ် အကနှင့်ယှဉ်ပြိုင်ခဲ့ရာမှ "Asia Child Dance Super Talent 2015" Winner ဆုကို ရရှိခဲ့သည်။

Prince and Princess International ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝတ်စုံ၊ ညနေခင်းဝတ်စုံ၊ ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံတို့ အပြင် Talent Show၊ အင်တာဗျူး အမေးအဖြေ ကဏ္ဍများဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

"အမတို့ ရွေးတဲ့အခါကျရင် ဒီတစ်ခေါက်တော့ တစ်ယောက်ထက်ပိုပြီး ရွေးမယ်။ လမ်းလျှောက်တာ အရမ်းတော်တဲ့သူကို တစ်ယောက် talent ပိုင်းမှာ အရမ်းတော်တဲ့ သူကို တစ်ယောက်၊ အင်တာဗျူးဖြေတာ အရမ်းတော်တဲ့သူကို တစ်ယောက် Level တစ်ခု အတွက်ကို ၃ယောက်ဆီ ရွေးချယ်မယ်။ အခု Prince and Princess Thailand ကို ဒိုင်အနေနဲ့ သွားပြီး အကဲဖြတ်တဲ့အခါမှာ သူတို့ဘက်က လူတွေ အရမ်းတော်တာ သတိထားမိတယ်။ အဲဒီအတွက်ကြောင့် ဒီဘက်မှာ အများကြီး ပြင်ဆင်ရပါမယ်" ဟု ပြောသည်။

Prince & Princess International 2016 ပြိုင်ပွဲ အတွက်ကို Mini Miss Myanmar 2015 ကိုယ်စားပြု အဖြစ် ၃ယောက်၊ Little Miss Myanmar အဖြစ် ၃ယောက်၊ Little Mister Myanmar အတွက်ကို ၃ယောက် Junior Mister Myanmar အတွက်ကို ၃ယောက် Miss Teen Myanmar အတွက်ကို ၃ယောက်ဆီ ရွေးချယ် စေလွှတ်မည် ဖြစ်သည်။

Prince & Princess International 2016 ပြိုင်ပွဲ ၂၀၁၆ မေလတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ရန် အတွက် Prince & Princess Myanmar 2016 ပြိုင်ပွဲကို၂၀၁၆ မတ်လတွင် Style Plus H သင်တန်းကျောင်းမှ ကျင်းပသွားမည် ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ပြုလုပ်မည့် Prince & Princess Myanmar 2016 ပြိုင်ပွဲကို ပွဲကြီးတစ်ပွဲတည်း ပြုလုပ်မည် မဟုတ်ဘဲ Charity Pageant အနေဖြင့် ကျင်းပမည် ဖြစ်ပြီး ရွေးချယ်ခံရမည့် သူများကို  Miss Teen Myanmar မေနန္ဒာကျော်၊ Miss Little Myanmar ရှင်းသန့်ဖြူစင် ၊ Junior Mister Myanmar 2015 လရောင် လင်း (ခေါ်) Thomas Tun ၊ Mini Miss Myanmar ချစ်ချစ်တုန်၊ Little Mister Myanmar 2015 ဇွဲသူရိန် တို့မှ သရဖူ စလွယ်များ ပေးအပ်လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly