ဆီးရီးယားအရေး နိုင်ငံတကာဆွေးနွေးပွဲသို့ အီရန်ကို ဖိတ်ကြားဖွယ်ရှိ

ဆီးရီးယားအရေး နိုင်ငံတကာဆွေးနွေးပွဲသို့ အီရန်ကို ဖိတ်ကြားဖွယ်ရှိ

အမေရိကန်နှင့် ရုရှတို့နှင့်အတူ ဆီးရီးယားပဋိပက္ခအရေး နိုင်ငံတကာဆွေးနွေးပွဲသို့ ပထမဆုံးအဖြစ် အီရန်အား ဖိတ်ကြားဖွယ်ရှိကြောင်း အမေရိကန်က ပြောသည်။

ယခုသီတင်းပတ်နောက်ပိုင်းတွင် ဗီယင်နာတွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ အီရန်ခေါင်းဆောင်များ တက်ရောက်မည် မတက်ရောက်မည်က မသေချာသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကယ်ရီက ပြောသည်။

အမေရိကန်၊ ရုရှ၊ အာရပ်နှင့် ဥရောပနိုင်ငံများမှ ထိပ်သီသံတမန်ကြီးများက ယင်းအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။

ဆီးရီးယားရှိ အနောက်အုပ်စုကျောထောက်နောက်ခံ အတိုက်အခံအဖွဲ့နှင့် အမေရိကန်၏ ပင်လယ်ကွေ့အာရပ်မဟာမိတ်များက ဆီးရီးယားစစ်တွင် အီရန်၏ အခန်းကဏ္ဍအား ရေရှည်ကြာမြင့်စွာ ကန့်ကွက်ဆန့်ကျင်ထားကြခြင်းဖြစ်သည်။

ဗီယင်နာအစည်းအဝေးသို့ တက်ရောက်ပါဝင်ရန် အီရန်ကို ဖိတ်ကြားလိမ့်မည်ဟု မျှော်မှန်းရကြောင်း ဂျွန်ကယ်ရီက သတင်းထောင်များအား အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"အီရန် တက်ရောက်မယ် မတက်ရောက်ဘူးကတော့ မသိသေးဘူး။ ကျွန်တော်တို့အတွက် ဆွေးနွေးပွဲတွေမှာ အဓိကမိတ်ဖက် ပါဖို့ အရေးကြီးတယ်။ အီရန်က အဓိကဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ခုထိကတော့ အစည်းအဝေးတက်မတက် မသိသေးဘူး။"ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly