နိုဝင်ဘာလမှာ လက်ထပ်တော့မယ့် U-KISS အဖွဲ့ဝင်ဟောင်း ဒေါင်ဟို

နိုဝင်ဘာလမှာ လက်ထပ်တော့မယ့် U-KISS အဖွဲ့ဝင်ဟောင်း ဒေါင်ဟို

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ U-KISS  အဖွဲ့ဝင်ဟောင်း ဒေါင်ဟိုသည် နိုဝင်ဘာလလယ်တွင် လက်ထပ်တော့မည်ဖြစ်ကြောင်း  ဒေါင်ဟို၏ မင်္ဂလာပွဲကို စီစဉ်ပေးသည့် iWedding က ပြောကြားသည်။

“သတို့သားနဲ့ သတိုးသမီးဟာ လွန်ခဲ့တာ့ သုံးလလောက်ကတည်းက မင်္ဂလာပွဲအတွက် စတင် ပြင်ဆင်နေကြပါတယ်။ မင်္ဂလာပွဲနဲ့ မင်္ဂလာမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးမှုတွေနဲ့ ပတ်သက်လို့  သူတို့ နှစ်ဦးက အသေးစိတ် ပြောသွားမှာပါ” ဟု iWedding က ပြောကြားသည်။

ဒေါင်ဟိုကို ၁၉၉၄ ခုနှစ်က မွေးဖွားခဲ့ပြီး ယခုနှစ်တွင် အသက် ၂၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဒေါင်ဟိုသည် လွန်ခဲ့သည့်နှစ်နှစ်က U-KISS အဖွဲ့က ထွက်ခွာခဲ့သည်။ ဒေါင်ဟိုသည် ၂၀၀၈ ခုနှစ်က U-KISS အဖွဲ့နှင့်အတူ ပွဲဦးထွက် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ်က U-KISS အဖွဲ့မှ ထက်ခွာခဲ့သည်။

ဒေါင်ဟိုသည် အဖွဲ့အတွင်းမှ မထွက်ခွာမီ အနုပညာလုပ်ငန်းများကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ဒီဂျေသမား တစ်ဦးအဖြစ် အနုပညာလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags